ယနေ့အတွက် ကမ္ဘောဇတိုင်းရဲ့ သတင်းများ (ရုပ်သံ) - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Monday, June 15, 2026

ယနေ့အတွက် ကမ္ဘောဇတိုင်းရဲ့ သတင်းများ (ရုပ်သံ)



ဒီနေ့ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်အတွင်း ရရှိထားတဲ့ သတင်းတွေထဲက အချို့ကို တင်ဆက်ထားတာ ဖြစ်ပါတယ် -

.

တောင်ကြီးက မိန်းကလေးငယ် ၂ ဦးကို အေးသာယာမှာ ရှိတဲ့ ပြည့်တန်ဆာခန်းဆီ ရောင်းစား

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ နေထိုင်တဲ့ အမျိုးသမီးငယ် ၂ ဦးကို ရွှေညောင်မြို့နေ အမျိုးသမီးတစ်ဦးက အေးသာယာမှာ ရှိတဲ့ ပြည့်တန်ဆာခန်း တစ်ခုမှာ လှည့်ဖျားပြီး ရောင်းစားမှု တစ်ခု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

.

ဒီဇယ်၊ သဘာဝဓာတ်ငွေ့နဲ့ ဓာတ်မြေဩဇာ တင်သွင်းမှုအပေါ် အခွန်ကင်းလွတ်ခွင့် တစ်လ ထပ်တိုး

ဒီဇယ်ဆီ၊ သဘာဝဓာတ်ငွေ့ရည်နဲ့ ဓာတ်မြေဩဇာတင်သွင်းမှုတွေအပေါ် အခွန်ကင်းလွတ်ခွင့်ကို ဇွန်လကုန်အထိ တစ်လ ထပ်တိုးထားတဲ့အကြောင်း ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနက ထုတ်ပြန် ကြေညာထားပါတယ်။

.

အမေရိကန်နဲ့အီရန်တို့ ငြိမ်းချမ်းရေးစာချုပ်အတွက် ညှိနှိင်းမှု အောင်မြင်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်နဲ့ အီရန်တို့အကြား ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ထိုးဖို့ ညှိနှိင်းမှု အောင်မြင်သွားပြီဆိုတဲ့အကြောင်း ကြေညာလိုက်ပါပြီ။ အီရန်အစိုးရကလည်း ဒီကြေညာချက်ကို အတည်ပြုခဲ့ပြီး ၂၀၂၆၊ ဖေဖော်ဝါရီ ၂၈ က စလို အမေရိကန်နဲ့အစ္စရေး ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့ စစ်ပွဲကို အဆုံးသတ်ကြောင်း ကြေညာချက်ကို ဒီနေ့ ဇွန်လ ၁၅ ရက်မှာ ထုတ်ပြန်မှာဖြစ်တယ်လို့ အတည်ပြုလိုက်တာပါ။

.
#KBZTai #Shan #Broadcasting

No comments:

Post a Comment

Pages