မြဝတီနယ်စပ်ဂိတ် ပြန်ဖွင့်လိုက်တာကြောင့် ထိုင်း-မြန်မာကုန်သွယ်မှု တိုးတက်လာဖို့ ထိုင်းမျှော်လင့်နေ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Wednesday, June 17, 2026

မြဝတီနယ်စပ်ဂိတ် ပြန်ဖွင့်လိုက်တာကြောင့် ထိုင်း-မြန်မာကုန်သွယ်မှု တိုးတက်လာဖို့ ထိုင်းမျှော်လင့်နေ

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၇ ရက်

.

မြန်မာဖက်ကနေ မြဝတီနယ်စပ်ဂိတ်ကို ပြန်ဖွင့်လိုက်တာကြောင့် ထိုင်းနဲ့ မြန်မာနိုင်ငံအကြား ကုန်သွယ်မှု ပြန်လည်အားကောင်းလာဖို့ ထိုင်းနိုင်ငံ နိုင်ငံခြားကုန်သွယ်ရေးဌာန (DFT) က မျှော်လင့်နေပါတယ်။

.

.

မြဝတီနယ်စပ်စစ်ရေးဂိတ်ကို ပြီးခဲ့တဲ့နှစ် ဩဂုတ်လက စလို့ မြန်မာဖက်ကနေ ပိတ်ထားခဲ့တာဖြစ်ပြီး အခုနှစ်၊ မေလ ၂၈ ရက်မှာ ပြန်လည်ဖွင့်လှစ်ခဲ့တာပါ။ ဒီစစ်ဆေးရေးဂိတ်က တာ့ခ်ခရိုင်၊ မဲဆောက်မှာရှိတဲ့ ဒုတိယ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား မျက်နှာချင်းဆိုင်မှာ တည်ရှိပြီး အခုလို ပြန်လည်ဖွင့်လှစ်မှုက နယ်စပ် ကုန်သွယ်ရေးအတွက် အပြုသဘောဆောင်တဲ့ သက်ရောက်မှုတွေ ဖြစ်လာလိမ့်မယ်လို့ DFT ညွှန်ချုပ် အာရာဒါ က ပြောပါတယ်။

.

ဂိတ်ကို ပြန်လည်ဖွင့်လှစ်လိုက်တာကြောင့် ထိုင်းစီးပွားရေးလုပ်ငန်းတွေအနေနဲ့ မြန်မာနိုင်ငံတွင်းမှာ ဝယ်လိုအား မြင့်နေတဲ့ လူသုံးကုန်တွေ၊ ဆောက်လုပ်ရေးပစ္စည်းတွေ၊ လျှပ်စစ်ပစ္စည်းတွေ၊ မော်တော်ယာဉ် တွေနဲ့ ယာဉ်အပိုပစ္စည်းတွေကို ပြန်လည်တင်ပို့နိုင်တော့မှာ ဖြစ်တဲ့အကြောင်း အာရာဒါက ဆိုပါတယ်။

.

ထိုင်းဖက်ကတော့ မြန်မာနိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေး ပြန်လည်ကောင်းမွန်လာဖို့အတွက် မြန်မာဖက်က သွင်းကုန်ထိန်းချုပ်ရေး မူဝါဒတွေအပေါ် မူတည်နေတယ်လို့ သုံးသပ်ပါတယ်။

.

မြန်မာနိုင်ငံရဲ့ သွင်းကုန်လိုင်စင်စနစ်အရတော့ သွင်းကုန် တင်သွင်းချင်သူတွေက ပို့ကုန်ဝင်ငွေလက်ကျန်ငွေ လို့ခေါ်တဲ့ (Export Earning Balance) ရှိမှ၊ ဒါမှမဟုတ် ပို့ကုန်ဝင်ငွေရှိတဲ့ ကုမ္ပဏီတစ်ခုနဲ့ ချိတ်ဆက်ထား မှသာ သွင်းကုန်တင်သွင်းခွင့်လိုင်စင် ရနိုင်တာပါ။

.

ပို့ကုန်ဝင်ငွေလက်ကျန်ငွေဆိုတာကတော့ မြန်မာနိုင်ငံနိုင်ငံကနေ ကုန်ပစ္စည်းတွေ တင်ပို့ပြီး ရရှိထားတဲ့ နိုင်ငံခြားငွေထဲကနေ အသုံးမပြုရသေးဘဲ ကျန်နေတဲ့ ပမာဏကို ဆိုလိုတာပါ။

.

ဒီစနစ်ကြောင့် ခွင့်ပြုချက်ရယူရတဲ့ လုပ်ငန်းစဉ်တွေက အချိန်ပိုကြာမြင့်လာပြီး အချို့ကုန်စည်တွေအတွက် တစ်ခုချင်းစီ သီးခြားအတည်ပြုချက် ရယူရတာမျိုးတွေ ဖြစ်လာတာပါ။

.

“သယ်ယူပို့ဆောင်ရေး အခက်အခဲတွေ လျော့နည်းလာပေမဲ့လည်း သွင်းကုန်စည်းမျဉ်းကန့်သတ်ချက်တွေ၊ နိုင်ငံခြားငွေကြေး စီမံခန့်ခွဲမှု မူဝါဒတွေနဲ့ ပို့ကုန်ဝင်ငွေချိတ်ဆက်မှု စနစ်တွေက မြန်မာနိုင်ငံရဲ့ ကုန်စည် ကူးသန်း ရောင်းဝယ်မှုအပေါ် သက်ရောက်မှုတွေ ရှိနေစေတယ်” လို့ အာရာဒါ က ပြောထားတာပါ။

.

၂၀၂၆ ခုနှစ် ဇန်နဝါရီလကနေ ဧပြီလအထိ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး စုစုပေါင်း ပမာဏက ဘတ် ၆၀ ဒသမ ၈ ဘီလီယံအထိ ရှိခဲ့ပေမဲ့လည်း ပြီးခဲ့တဲ့နှစ် ဒီအချိန်နဲ့ နှိုင်းယှဉ်လိုက်ရင်တော့ ၁၄ ဒသမ ၄ ရာခိုင်နှုန်း အထိ ကျဆင်းနေတာကို တွေ့ရမှာပါ။

.

နှစ်နိုင်ငံကုန်သွယ်မှုမှာ ထိုင်းကနေ မြန်မာကို တင်ပို့မှုက ဘတ် ၃၇ ဒသမ ၉ ဘီလီယံအထိ ရှိခဲ့ပြီး မြန်မာဖက်ကနေ ထိုင်းကို တင်ပို့မှုက ဘတ် ၂၂ ဒသမ ၉ ဘီလီယံရှိခဲ့တာပါ။

.

မဲဆောက်နယ်စပ်ဂိတ်ကနေ ကုန်သွယ်မှု ပမာဏက ဘတ် ၁၈ ဒသမ ၂ ဘီလီယံသာ ရှိတော့ပြီး ပြီးခဲ့တဲ့နှစ် ၅ လပိုင်းကုန်အထိ ပမာဏနဲ့ ယှဉ်လိုက်ရင် ၃၉ ဒသမ ၈ ရာခိုင်နှုန်းအထိ လျော့နည်းခဲ့ရတာဖြစ်ပါတယ်။

.

Source – Bangkok Post

.

No comments:

Post a Comment

Pages