.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၃၀ ရက်
.
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို
ကြိုဆိုဂုဏ်ပြုသောအားဖြင့် တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးတွင်
ယနေ့ ဇွန်လ ၃၀ ရက်၊ နံနက် ပိုင်းက တောင်ကြီးခရိုင်အမျိုးသမီးရေးရာအဖွဲ့မှ စုပေါင်း
သွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
.
.ထိုသို့ သွေးလှူဒါန်းရာတွင် သွေးလှူရှင်များကို အမျိုးသမီးနှင့်
ကလေးဆေးရုံကြီးမှ ရောဂဗေဒ အထူးကု ဆရာဝန်ကြီး၊ တွဲဘက်ပါမောက္ခ ဒေါက်တာ ဘုန်းမိုးဝင်း
ဦးဆောင်သော ဆရာ/ဆရာမများက သွေးပေါင် ချိန်ခြင်း၊ သွေးစစ်ဆေးခြင်းနှင့်
သွေးဖောက်ခြင်းများကို ဆောင်ရွက်ပေးပြီး တောင်ကြီးခရိုင် အမျိုးသမီး ရေးရာအဖွဲ့
ဥက္ကဋ္ဌ ဒေါ်သန်းသန်းအေး၊ တောင်ကြီးမြို့၊ အမျိုးသမီးနှင့် ကလေးဆေးရုံကြီး
ဆေးရုံအုပ်ကြီး ဒေါက်တာ မောင်မောင်သိန်းနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု
အားပေးကာ သွေးလှူရှင်များကို အာဟာရ အစားစာများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
.
ထို့နောက် သွေးလှူရှင်များမှ လှူဒါန်းထားသော
သွေးအိတ် ၂၅ အိတ်အား တောင်ကြီးခရိုင်အမျိုးသမီးရေးရာ အဖွဲ့ ဥက္ကဋ္ဌ
ဒေါ်သန်းသန်းအေးနှင့် တာဝန်ရှိသူများက ပေးအပ်လှူဒါန်းရာ တောင်ကြီးမြို့၊ အမျိုးသမီးနှင့်
ကလေးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ မောင်မောင်သိန်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ
ပေးအပ်ရာ တောင်ကြီးခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်သန်းသန်းအေးက လက်ခံရယူခဲ့ကြောင်း
သိရသည်။
.

No comments:
Post a Comment