လူစားလဲတာ လက်လွန်ပြီး ပင်နယ်တီမှာ ရှုံးသွားခဲ့တဲ့ နယ်သာလန် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Tuesday, June 30, 2026

လူစားလဲတာ လက်လွန်ပြီး ပင်နယ်တီမှာ ရှုံးသွားခဲ့တဲ့ နယ်သာလန်

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၃၀ ရက်

.

ဒီနေ့မနက်ပိုင်းမှာ ကစားခဲ့တဲ့ နယ်သာလန်နဲ့ မော်ရိုကိုအသင်းတိုရဲ့ ပွဲစဉ်မှာတော့ မော်ရိုကိုအသင်းက ပင်နယ်တီ အဆုံးအဖြတ်နဲ့ နိုင်သွားခဲ့ပြီး ၁၆ သင်းအဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။

.

.

ဂက်ပို၊ ဘရော့ဘီတို့နဲ့ ပွဲထွက်ခဲ့တဲ့ နယ်သာလန်ရဲ့ တိုက်စစ်က တစ်ပွဲလုံးမှာမှ ဂိုးပေါက်ကို ၂ ကြိမ်ပဲ တည့် တဲ့အထိ အခြေအနေဆိုးခဲ့ပြီး ဒီဂျောင်၊ ဂရာဗန်ဘတ်ခ်ျတို့ရဲ့ ကွင်းလယ်ကလည်း မော်ရိုကို ကို လုံးဝ မယှဉ်နိုင်ခဲ့ပါဘူး။

.

မော်ရိုကိုက ကြယ်ပွင့်ကစားသမား ဆိုလို့ ဒီယာ့ဇ်၊ ဟာကီမီ၊ မက်ဇာရာဝီတို့လောက်သာ ရှိပေမဲ့ အသင်းလိုက် ကစားပုံက အရမ်းကောင်းခဲ့ပြီး နယ်သာလန်အပေါ် ဘောလုံးပိုင်ဆိုင်ခွင့် ၇၀ ရာခိုင်နှုန်းအထိ အသာယူပြီး ကစားသွားနိုင်ခဲ့တာဖြစ်ပါတယ်။

.

ပွဲချိန် မိနစ် ၂၀ မှာ ဟာကီမီရဲ့ ဖြတ်တင်ပေးပို့မှုက တစ်ဆင့် အိုင်နာဝီရဲ့ ခေါင်းတိုက်ချက်ကို နယ်သာလန် ဂိုးသမား ကာကွယ်နိုင်ခဲ့လို့သာ မော်ရိုကိုတို့ ဦးဆောင်ဂိုးနဲ့ လွဲခဲ့ရတာပါ။ ပွဲချိန် ၄၄ မိနစ်မှာ ဗန်ဒီဗန်ရဲ့ ကန်ချက်ကို မော်ရိုကို ဂိုးသမား ကာကွယ်နိုင်ခဲ့ပါတယ်။

.

ပွဲချိန် ဒုတိယပိုင်းမှာလည်း မော်ရိုကို ကပဲ အသာစီးကနေ ကစားနေခဲ့ပြီး နယ်သာလန်ကတော့ တန်ပြန် တိုက်စစ်တွေကို အားပြုကစားနေခဲ့တာပါ။

.

ပွဲချိန် ၇၁ မိနစ်မှာ ဘရော့ဘီနေရာကို ဝက်ဟော့စ် ဝင်ကစားခဲ့ပြီး နသန်အကီ နေရာအတွက် ကော့မိုင်နာကို ထည့်ခဲ့တာပါ။ ဒီကစားသမား နှစ်ယောက်ဝင်လာပြီး တစ်မိနစ်အတွင်းမှာပဲ နယ်သာလန်က ဂိုးရသွားခဲ့ပြီး တန်ပြန်တိုက်စစ်ကနေ ရလာတဲ့ဘောလုံးကို မော်ရိုကိုခံစစ် ဖျက်ထုတ်ရာကနေ ဂက်ပိုက ဝင်ပြီး ကန်သွင်း ခဲ့လို့ နယ်သာလန်တို့ ဦးဆောင်ဂိုးရသွားခဲ့တာပါ။

.

အဲဒီနောက်ပိုင်းမှာ နယ်သာလန်က ခံစစ်ကို ပိုအားပြုကစားသွားခဲ့ပြီး တင်ဘာ၊ ဟာတို တို့ကို ထပ်ထည့််ရင်း ပိတ်ကစားဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမဲ့ ပွဲချိန် ၉၁ မိနစ်မှာ အစ်ဆာဒီအော့ပ် က မော်ရိုကိုအတွက် ချေပဂိုးကို ခေါင်းတိုက် သွင်းပေးသွားခဲ့လို့ အချိန်ပို ဆက်ကစားရဖို့ ဖြစ်လာခဲ့ပါတယ်။

.

အချိန်ပိုမှာတော့ နယ်သာလန်ဖက်က ကစားအားကျသွားတဲ့ ဒီဂျောင်၊ ဂက်ပိုတို့ကို ထုတ်ပြီး ကလွိုင်ဗတ်၊ ဒီရွန်းတို့ ထည့်ခဲ့ရတာပါ။ မော်ရိုကိုကတော့ အချိန်ပိုမှာ လူစားလဲမှုတစ်ခုမှ မလုပ်ခဲ့တော့ဘဲ နယ်သာလန်ကို ထိန်းကစားရင်း ပင်နယ်တီအထိ ရောက်သွားခဲ့ပါတယ်။

.

ပင်နယ်တီ အဆုံးအဖြတ် ကစားကြချိန်မှာတော့ ပင်နယ်တီ အကန်ကောင်းတဲ့ ကစားသမားတွေကို လူစားလဲခဲ့မိတဲ့ နယ်သာလန်တို့ ငါးပါးမှောက်သွားခဲ့ပြီး လူစားဝင်လာတဲ့ ကစားသမားတွေ ဖြစ်ကြတဲ့ ကလွိုင်ဗတ်၊ တင်ဘာနဲ့ ဆမ်မာဗီး တို့ ပင်နယ်တီလွဲခဲ့ကြလို့ ပွဲအပြိးမှာ မော်ရိုကိုက ၂-၃ နဲ့ ပင်နယ်တီနိုင်ပြီး နောက်တစ်ဆင့်ကို တက်လှမ်းသွားနိုင်ခဲ့တာပဲဖြစ်ပါတယ်။

.

No comments:

Post a Comment

Pages