စက်သုံးဆီ ခွဲတမ်းမရသဖြင့် ရှမ်းမြောက်ဒေသတွင် ပြည်သူများ ဝန်ထုပ်ဝန်ပိုး ဖြစ်နေ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Sunday, June 7, 2026

စက်သုံးဆီ ခွဲတမ်းမရသဖြင့် ရှမ်းမြောက်ဒေသတွင် ပြည်သူများ ဝန်ထုပ်ဝန်ပိုး ဖြစ်နေ

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၇ ရက်

.

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင် စက်သုံးဆီခွဲတမ်း မရရှိသဖြင့် ဈေးကြီးပေး ဝယ်ယူနေရပြီး ပြည်သူများ ဝန်ထုပ်ဝန်ပိုး ဖြစ်နေသည်ဟု လားရှိုးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမျိုးထွန်းက ပြောဆိုခဲ့သည်။

.

.

ယင်းကဲ့သို့ အခက်အခဲဖြစ်ပေါ်နေမှုနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမျိုးထွန်းက ဇွန်လ ၂ ရက်တွင် ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး၊ ပထမနေ့တွင် ကြယ်ပွင့်ပြမေးခွန်း မေးမြန်းခဲ့ခြင်းဖြစ်သည်။

.

ရှမ်းမြောက်က တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း နိုင်ငံတော်က စက်သုံးဆီခွဲတမ်း မပေးတော့ဘူး။ ပြည်သူတွေက ဈေးကြီးပေး ဝယ်ရတယ်။ ပြည်သူတွေက ဝန်ထုပ်ဝန်ပိုးဖြစ်တယ်။ အဓိက‌ ကတော့ တောင်သူတွေ စိုက်ပျိုး ရေးလုပ်ငန်းတွေမှာ စက်သုံးဆီတွေ သုံးရတယ်။ အခု‌ကျောင်းဖွင့်တော့ မိဘတွေ ကျောင်းကြို၊ ကျောင်းပို့လုပ် တယ်။ စက်သုံးဆီကို ဈေးကြီးပေးဝယ်ရတော့ ဒုက္ခရောက်တာပေါ့”ဟု ဒေါက်တာမျိုးထွန်းက ပြောသည်။

.

မေးခွန်းနှင့် ပတ်သက်၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်းက ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုး၊ မိုင်းရယ်၊ တန့်ယန်း၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို စသည့်မြို့များရှိ စက်သုံးဆီအရောင်း ဆိုင်များကို စက်သုံးဆီခွဲတမ်း ပြန်လည်ချထားပေးနိုင်ရေးအတွက် သယ်ယူပို့ဆောင်ရေး၊ လမ်းခရီးအခြေ အနေ ကောင်းမွန်မှုရှိ/မရှိ စောင့်ကြည့်နေပြီး ကောင်းမွန်ပါက ပြန်လည်ချထားပေးမည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။

.

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက လားရှိုး၊ မိုင်းရယ်နှင့် တန့်ယန်းမြို့များအတွက် ဓါတ်ဆီ အောက်တိန်း 92 လီတာ ၃၆၀၀၀ ကျော်စီနှင့် ပရီမီယံဒီဇယ် လီတာ ၃၆၀၀၀ စီပါ ဆီသယ်ယာဉ် ၆ စီးကို စေလွှတ်ခဲ့ရာ ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းမှ လားရှိုးအရောက် ၉ ရက်ခန့် ကြာမြင့်ခဲ့သည့်အတွက် လမ်းခရီးအခြေအနေ မကောင်းမွန်သေးဟု သုံးသပ်ကြောင်း ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်းက လွှတ်တော်တွင် ပြောဆိုထားသည်။

.

“ဝန်ကြီးဌာနက ဖြေတာကတော့ ရှမ်းပြည်နယ်အစိုးရနဲ့ ညှိနှိုင်းပြီးမှ ဒေသအခြေအနေပေါ် မူတည်ပြီး စီစဉ် ပေးမယ်လို့တော့ ဖြေသွားတယ်။ ပြင်ဦးလွင်ကနေ ပေးဖို့က ဆက်စပ်မေးခွန်း မေးလိုက်တော့ ခုနပြောတဲ့ အချက် (ဒေသအခြေအနေ) ပေါ်မူတည်ပြီးတော့ပဲ ပေးမယ်လို့ ပြောတာပေါ့။ အဓိက ကတော့ ပြင်ဦးလွင်နဲ့ နောင်ချိုကြား ဝက်ဝံတိုးဂိတ်မှာ စည်းခြားထားတယ်။ ပြင်ဦးလွင် ဘက်ခြမ်းမှာ ၄၇၀၀ နဲ့ ဝယ်လို့ရရင် နောင်ချိုဘက်ခြမ်းမှာ ၈၅၀၀ ဖြစ်သွားတာပေါ့။ အဲလိုကတော့ မဖြစ်သင့်ဘူးပေါ့” ဟု ဒေါက်တာမျိုးထွန်း က ဆက်လက်ပြောဆိုခဲ့သည်။

.

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကော်မတီက နေ့စဉ် ထုတ်ပြန်ပေးနေသည့် မြို့အလိုက် စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းများတွင် လားရှိုးမြို့အတွက် ဈေးနှုန်းကို ထည့်သွင်းဖော်ပြနေသော်လည်း လက်တွေ့တွင် စက်သုံးဆီခွဲတမ်း မရရှိသဖြင့် လားရှိုးမြို့၌ အောက်တိန်း 92 တစ်လီတာလျှင် ကျပ်တစ်သောင်းကျော် ပေး၍ ဝယ်ယူနေရကြောင်း သိရသည်။

.

Photo - Hla Oo Maung Maung

.

No comments:

Post a Comment

Pages