ဖခင်ရဲ့ ကျန်းမာရေးကြောင့် အယ်လ်ဂျီးရီးယားနဲ့ပွဲမှာ မျက်ရည်ကျခဲ့ရတဲ့ မက်ဆီ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Friday, June 19, 2026

ဖခင်ရဲ့ ကျန်းမာရေးကြောင့် အယ်လ်ဂျီးရီးယားနဲ့ပွဲမှာ မျက်ရည်ကျခဲ့ရတဲ့ မက်ဆီ

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်

.

အယ်လ်ဂျီးရီးယားအသင်းနဲ့ပွဲမှာ ဂိုးသွင်းခဲ့ပြီးတဲ့နောက် မျက်ရည်တွေသုတ်နေခဲ့တဲ့ မက်ဆီဟာ သူ့ဖခင်ရဲ့ ကျန်းမာရေးအခြေအနေကြောင့် မျက်ရည်ကျခဲ့ရတာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

.

.

အဲဒီပွဲအပြီးမှာ မက်ဆီက “ကျွန်တော်ဂိုးသွင်းပြီး မျက်ရည်ကျခဲ့တဲ့အကြောင်း ပြောရရင် မကြာသေးခင် ရက်တွေက ကျွန်တော့်အတွက် တကယ်ခက်ခဲခဲ့တယ်လို့ပဲ ပြောရမှာပါ။ ဘောလုံးနဲ့မသက်ဆိုင်ပါဘူး။ ကျွန်တော် ခံစားခဲ့ရတဲ့ စိတ်ခံစားချက်တွေကြောင့်ပါ။ အသင်းဖော်တွေ နည်းပြအဖွဲ့ဝင်တွေရဲ့ ကူညီ ပံ့ပိုးပေးမှုတွေကြောင့်သာ ကျွန်တော် စိတ်သက်သာရာရနေခဲ့တာပါ။ သူတို့ကို အဲဒီအတွက် ကျေးဇူး တင်ပါတယ်” လို့ မက်ဆီက ပြောခဲ့တာပါ။

.

အာဂျင်တီးနားမှာတော့ မက်ဆီရဲ့ဖခင်ဖြစ်တဲ့ ဂျော့မက်ဆီ ကွယ်လွန်သွားပြီဆိုတဲ့သတင်း က မက်ဆီ မျက်ရည်ကျတဲ့ နေ့မှာပဲ ပျံ့နှံ့လာခဲ့တာပါ။

.

မက်ဆီရဲ့ မိသားစုကတော့ ဂျော့ရဲ့ ကျန်းမာရေးအခြေအနေ ကောင်းမွန်လာပြီ ဖြစ်တဲ့အကြောင်းနဲ့ လူတစ်ယောက်ရဲ့ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး သတင်းမှားတွေ မဖော်ပြကြဖို့ မီဒီယာတွေဆီကို အကြောင်းပြန်ထားခဲ့တာပါ။

.

ဂျော့မက်ဆီက မက်ဆီရဲ့ ဘောလုံးသမားခရီးစဉ် တစ်လျှောက် အရေးပါသူဖြစ်ခဲ့ပြီး မက်ဆီရဲ့ အေးဂျင့်အဖြစ် ဆောင်ရွက်ခဲ့သူဖြစ်သလို ကွင်းပြင်ပ စီးပွားရေးလုပ်ငန်း တွေကိုလည်း စီမံခဲ့သူပါ။

.

ဂျော့က သားဖြစ်သူ မက်ဆီ ကို ၂၀၀၀ ပြည့်နှစ်အစောပိုင်းမှာ ဘာစီလိုနာရဲ့ လူငယ်အကယ်ဒမီ ဖြစ်တဲ့ လာမာစီယာ ဆီ ကိုယ်တိုင်လိုက်ပို့ခဲ့သူ ဖြစ်သလို မက်ဆီရဲ့အပြောင်းအရွှေ့ စာချုပ်တွေကိုလည်း ညှိနှိုင်းပေးခဲ့သူပါ။ ဒါ့အပြင် မက်ဆီရဲ့ ရုပ်ပုံအသုံးပြုခွင့်တွေ၊ အိမ်ခြံမြေ၊ ဟိုတယ်နဲ့ စားသောက်ဆိုင် ရင်းနှီးမြုပ်နှံမှုတွေကိုလည်း စီမံခန့်ခွဲခဲ့တာပါ။

.

၂၀၁၆ ခုနှစ်မှာ မက်ဆီနဲ့ ဂျော့ တို့က စပိန်နိုင်ငံတွင်း အခွန်တိမ်းရှောင်မှု စွဲချက်တွေနဲ့ အပြစ်ရှိကြောင်း ကြေညာခံခဲ့ရပေမဲ့လည်း ချမှတ်ခံရတဲ့ပြစ်ဒဏ်က ၂ နှစ်အောက် ဖြစ်တာမို့ ထောင်ချခံရခြင်းမရှိခဲ့ဘဲ ကံကောင်းသွားခဲ့ကြတာပါ။

.

လက်ရှိမှာတော့ ဂျော့ တစ်ယောက် ဆေးရုံမှာ ကုသမှု ခံယူနေရပေမဲ့ သူ့ရဲ့ရောဂါအခြေအနေကို မိသားစုက လျှို့ဝှက်ထားခဲ့ပြီး မီဒီယာတွေအနေနဲ့လည်း ဖော်ပြခြင်းမပြုလုပ်ကြဖို့ မိသားစုက တောင်းဆိုထားတာ ဖြစ်ပါတယ်။

.

မက်ဆီတစ်ယောက် သူ့ရဲ့ဖခင် အရေးပေါ်အခြေအနေ ဖြစ်နေချိန်မှာတောင် နိုင်ငံအသင်းအတွက် အားကြိုးမာန်တက် ဝင်ရောက်ကစားပေး နေတာကလည်း ပရိသတ်တွေအတွက် စိတ်ခံစားမှု မြင့်တက်စေခဲ့တာပါ။

.

အယ်လ်ဂျီးရီးယား ကို ၃ ဂိုးပြတ်သွင်းပြီး အနိုင်ယူခဲ့တဲ့ မက်ဆီရဲ့ အာဂျင်တီးနားအသင်းက လာမယ့် တနင်္လာနေ့မှာ ဩစတြီးယားအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

.

Source – SkySports

.

No comments:

Post a Comment

Pages