မူဆယ်ရှိ KTV တစ်ခုတွင် မီးလောင်မှုဖြစ်ပွား - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Friday, June 19, 2026

မူဆယ်ရှိ KTV တစ်ခုတွင် မီးလောင်မှုဖြစ်ပွား

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်

.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ရှိ KTV တစ်ခုတွင် ယနေ့ ဇွန်လ ၁၉ ရက်၊ နံနက်ပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၊ ဆင်ဖြူလမ်းရှိ KTV တွင် ယနေ့ ဇွန်လ ၁၉ ရက်၊ နံနက် ၈ နာရီခွဲ ခန့်က မီးစတင်လောင်ကျွမ်းခြင်းဖြစ်ပြီး မူဆယ်မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ ရေသယ်ယာဉ် ၅ စီး၊ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းများ ပူးပေါင်း မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီခန့် တွင် မီးထိန်းနိုင်ခဲ့ ကြောင်း သိရသည်။

.

အဆိုပါ မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ ဖြစ်ပွားရသည့် အကြောင်းအရင်းနှင့် ပျက်စီးဆုံးရှုံးမှု အခြေအနေ များကို မသိရှိရသေးချေ။

.

No comments:

Post a Comment

Pages