.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်
.
ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့၊ အမှတ် (၄)
အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့ ဇွန်လ ၁၉ ရက်၊ နံနက်ပိုင်းက ကျောင်းသား/သူများအား
နိုင်ငံသားစိစစ်ရေးကတ်နှင့် UID များ ကွင်းဆင်းထုတ်ပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း
သိရသည်။
.
.အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ထုတ်ပေးခြင်းအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ်၏
ဇနီး နန်းစိုးစိုးထွေး၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၏ ဇနီးနှင့် ပြည်နယ်
အစိုးရအဖွဲ့ အတွင်းရေးမှူး၏ဇနီး တို့က ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသား/သူများအား
နိုင်ငံသားစိစစ်ရေး ကတ်များနှင့် UID များ ပေးအပ်ခဲ့ကြောင်း သိရသည်။
.
လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဝန်ကြီးဌာန၊ တောင်ကြီးမြို့နယ် ဦးစီးမှူးရုံးက တောင်ကြီးမြို့နယ်
အတွင်းရှိ စာသင်ကျောင်းများ၌ အဖွဲ့များခွဲကာ လမင်းစီမံချက်ဖြင့်
ကွင်းဆင်းဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။
.
ယနေ့ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းသို့ ကွင်းဆင်းဆောင်ရွက်မှုတွင်
ကျောင်းသား/သူ ၆၀၀ ကျော်အား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID များ
ထုတ်ပေးနိုင်ခဲ့သည်ဟု သိရသည်။
.
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက
လမင်းစီမံချက်ဖြင့် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်မှ ဇူလိုင်လ ၃၁ ရက်အထိ နိုင်ငံသား
စိစစ်ရေးကတ်ပြား၊ UID ပြုလုပ်ပေးခြင်းကို
အခြေခံပညာကျောင်းများတွင် ကွင်းဆင်းဆောင်ရွက်ပေး နေသည့်အပြင် မြို့နယ်
လဝကရုံးများတွင်လည်း နိုင်ငံသားစိစစ်ရေးကတ်၊ UID အပြင်
အိမ်ထောင်စုဇယား မွေးတိုး၊ ပြောင်းဝင်၊ ပြောင်းထွက် စသည်တို့ကိုလည်း
ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
.

No comments:
Post a Comment