.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၆ ရက်
.
ရှမ်းပြည်နယ်အရှ့ပိုင်း၊ မိုင်းပျဉ်းမြို့နယ်၊
တုံတာမြို့ ပတ်ဝန်းကျင်ရှိ ကျေးရွာ ၁၈ ရွာအား လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးနိုင်ရေးအတွက်
၂၀၂၈-၂၀၂၉ ဘဏ္ဍာရေးနှစ်တွင် ဘဏ္ဍာငွေ ခွင့်ပြုရရှိမှုအရ ဆောင်ရွက်ပေးသွားမည်
ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်က
ပြောဆိုခဲ့သည်ဟု သိရသည်။
.
.ယမန်နေ့ ဇွန်လ ၁၅ ရက်၊ နံနက်ပိုင်းက
နေပြည်တော်တွင် ပြုလုပ်သည့် တတိယအကြိမ် အမျိုးသား လွှတ်တော်
ဒုတိယပုံမှန်အစည်းအဝေးတွင် ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်
(၁၂) နန်းဝိုးစိန်၏ ကြယ်ပွင့်ပြ မေးခွန်း မေးမြန်းမှုကို ဒုတိယဝန်ကြီးက
ယင်းကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
.
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် နန်းဝိုးစိန်က မိုင်းပျဉ်းမြို့နယ်၊ တုံတာမြို့နှင့် ပတ်ဝန်းကျင် ကျေးရွာ အုပ်စုများ
လျှပ်စစ်မီးရရှိရေးအတွက် မဟာဓာတ်အားလိုင်းမှတစ်ဆင့်
လျှပ်စစ်ဓာတ်အားခွဲရုံတစ်ရုံအား လာမည့်ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးရန် အစီအစဉ်
ရှိ/မရှိ ကြယ်ပွင့်ပြမေးခွန်း မေးမြန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး
ဦးအေးကျော် က တုံတာမြို့အား နိုင်ငံတော်ဓါတ်အားစနစ် ဖြင့်
ဓာတ်အားဖြန့်ဖြူးမည်ဆိုပါက မိုင်းပျဉ်း-တုံတာ ၆၆ ကေဗွီ တာဝါတိုင် ဓာတ်အားလိုင်း ၃၃
မိုင်နှင့် ၆၆/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံ(၁) ရုံ
တည်ဆောက်သွားရမည်ဖြစ်ပြီး ခန့်မှန်းကုန်ကျစရိတ် ကျပ် ၃၅ ဒသမ ၀၀၃ ဘီလီယံခန့်
ကုန်ကျမည်ဖြစ်ကြောင်း၊ တုံတာမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာ ၁၈ ရွာရှိ
အိမ်ထောင်စုပေါင်း ၄၃၇၅ စု အား ဓာတ်အားဖြန့်ဖြူးပေးနိုင်မှာ ဖြစ်ကြောင်းနှင့် တုံတာမြို့အား
နိုင်ငံတော်ဓာတ်အားစနစ်ဖြင့် ဓါတ်အားဖြန့်ဖြူးပေးနိုင်ရေးအတွက် မိုင်းပျဉ်း-တုံတာ
၆၆ ကေဗွီ တာဝါတိုင် ဓာတ်အားလိုင်း ၃၃ မိုင်နှင့် ၆၆/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ
ဓာတ်အားခွဲရုံ ၁ ရုံ တည်ဆောက်ခြင်း လုပ်ငန်းအား ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် တွင်
ဓာတ်အားလိုင်း ဆာဗေးတိုင်းတာခြင်းလုပ်ငန်းအား စတင်လျာထား ဆောင်ရွက်သွားမည်ဖြစ်ပြီး
၂၀၂၈-၂၀၂၉ ဘဏ္ဍာရေးနှစ်မှစ၍ ဘဏ္ဍာငွေခွင့်ပြုရရှိမှုအရ ဆက်လက် လျာထားဆောင်ရွက်သွားမည်
ဖြစ်ကြောင်း ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
.
ရှမ်းပြည်နယ်အရှေ့ပိုင်းကို ၂၀၂၀ ခုနှစ်တွင် 230
KV နိုင်ငံတော်ဓါတ်အားစနစ် စတင်ရောက်ရှိခဲ့ပြီး 66 KV
နဲ့ 33 KV ဓါတ်အားလိုင်းများ၊ ဓါတ်အားခွဲရုံများကို ထပ်မံတည်ဆောက်ကာ မိုင်းပျဉ်းမြို့ကို
၂၀၂၀ ခုနှစ် ဇွန်လ ၇ နှင့် ၂၀၂၄ ဖေဖော်ဝါရီ ၁ ရက်နေ့တို့တွင်လည်းကောင်း၊
ကျိုင်းတုံမြိုကို ၂၀၂၀ ခုနှစ် ဇွန်လ ၂၇ ရက်တွင် လည်းကောင်း၊ မိုင်းဆတ်မြိုကို
၂၀၂၄ ခုနှစ် ဇွန်လ ၁ ရက်တွင်လည်းကောင်း၊ မိုင်းခတ်မြိုကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၂
ရက်တွင်လည်းကောင်း ဓါတ်အား တိုးချဲ့ပေးလျက်ရှိကြောင်း သိရသည်။
.

No comments:
Post a Comment