ကမ္ဘာ့ဖလား မတိုင်မီမှာပဲ ဒဏ်ရာကြောင့် အသင်းခေါင်းဆောင်ကို ဆုံးရှုံးလိုက်ရတဲ့ ဂျပန်အသင်း - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Friday, June 12, 2026

ကမ္ဘာ့ဖလား မတိုင်မီမှာပဲ ဒဏ်ရာကြောင့် အသင်းခေါင်းဆောင်ကို ဆုံးရှုံးလိုက်ရတဲ့ ဂျပန်အသင်း

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂ ရက်

.

၂၀၂၆ ကမ္ဘာ့ဖလားမတိုင်မီ ၃ ရက်အလို မှာပဲ ဂျပန်အသင်းအတွက် သတင်းဆိုးတစ်ခု ရောက်ရှိလာခဲ့ပါတယ်။ အဲဒါက အသင်းခေါင်းဆောင် အန်ဒို က သူ့ရဲ့ဒဏ်ရာ မသက်သာတဲ့အတွက် ကမ္ဘာ့ဖလားကနေ လက်လျှော့ ထွက်ခွာသွားပြီး နိုင်ငံလက်ရွေးစင်ကစားသမား ဘဝကနေပါ အနားယူတော့မယ်လို့ ကြေညာလိုက်တာပါ။

.

.

ဖေဖော်ဝါရီလအတွင်းမှာ ကစားခဲ့တဲ့ လီဗာပူးလ်နဲ့ ဆန်းဒါးလန်းပွဲမှာ ခြေဖဝါးဒဏ်ရာ ရရှိခဲ့တဲ့ အန်ဒို ကို ဂျပန်အသင်း တာဝန်ရှိသူတွေက အသင်းလူစာရင်းမှာ ထည့်သွင်းပေးခဲ့ပေမဲ့လည်း သူ့ရဲ့ဒဏ်ရာက ဘယ်လိုမှ သက်သာလာခြင်းမရှိတာမို့ လူစာရင်းကနေ နုတ်ထွက်သွားခဲ့တာပါ။

.

အန်ဒိုက မေလ ၃၁ မှာ ကစားခဲ့တဲ့ အိုက်စလန်နဲ့ ဂျပန်ခြေစမ်းပွဲမှာ ဂျပန်အတွက် ပါဝင်ကစားပေးခဲ့သေး ပေမဲ့လည်း ပထမပိုင်းအပြီးမှာ လူစားလဲခဲ့ရပြီး ဒဏ်ရာကနေ နာကျင်မှုကို ခံစားခဲ့ရတာပါ။

.

အဲဒီနောက်မှာတော့ မက္ကဆီကိုနိုင်ငံရဲ့ ကမ္ဘာ့ဖလား ကြိုတင်ပြင်ဆင်ရေး စခန်းမှာလည်း ဒဏ်ရာ မသက်သာဘဲ ဖြစ်နေခဲ့ပြီး အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေကိုတောင် လွဲချော်ခဲ့တာပါ။

.

အသက် ၃၃ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ အန်ဒိုက ကမ္ဘာ့ဖလားနဲ့ လွဲချော်ခဲ့ရလို့ စိတ်ပျက်မိတဲ့အကြောင်း သူ့ရဲ့ တွစ်တာမှာ ရေးသားသွားပြီး နယ်သာလန်၊ တူနီးရှား၊ ဆွီဒင်တို့နဲ့ ရင်ဆိုင်ရမယ့် ဂျပန်အသင်းကို အားပေးဖို့ ပရိသတ်တွေကို တိုက်တွန်းသွားခဲ့ပါတယ်။

.

“တစ်နေ့နေ့မှာ ဂျပန်အသင်း ကမ္ဘာ့ဖလား ဆွတ်ခူးမယ့်အချိန်ကို သေချာပေါက်ရောက်လာမှာပါ။ အဲဒီအချိန်ကို ယုံကြည်ပြီးအသင်းကို အားပေးကြပါစို့” လို့ အန်ဒိုက ရေးသားခဲ့တာပါ။

.

အဲဒီနောက်မှာတော့ နိုင်ငံလက်ရွေးစင်ကစားသမားအဖြစ်ကနေ အနားယူပြီဆိုတဲ့အကြောင်းကိုလည်း အန်ဒိုက အတည်ပြုပေးသွားခဲ့ပါတယ်။

.

“ကျွန်တော် နိုင်ငံလက်ရွေးစင်အသင်းကနေ အနားယူဖို့ဆုံးဖြတ်လိုက်ပါပြီ။ အခုကစပြီး ဂျပန်အသင်းကို ပရိသတ်တစ်ယောက်အနေနဲ့ပဲ အားပေးသွားမှာပါ” လို့ အန်ဒိုက အတည်ပြုလိုက်တာပါ။

.

အန်ဒိုက ၂၀၁၅ ခုနှစ်မှာ ဂျပန်လက်ရွေးစင်အသင်းအတွက် ပထမဆုံးပွဲထွက်ကစားခဲ့တာဖြစ်ပြီး နိုင်ငံ လက်ရွေးစင် အသင်းအတွက် ၇၃ ပွဲကစားပြီး ၄ ဂိုးသွင်းပေးနိုင်ခဲ့တာပါ။ သူက ၂၀၁၈ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလား တွေမှာ ဂျပန်အသင်းအတွက် ရွေးချယ်ခံခဲ့ရသူဖြစ်ပြီး ဂျာမနီ၊ စပိန်အသင်းတွေကို အနိုင်ရခဲ့တဲ့ ကာတာ ကမ္ဘာ့ဖလားရဲ့ ပွဲစဉ်တွေမှာ ပါဝင်ခွင့်ရခဲ့သူလည်း ဖြစ်ပါတယ်။

.

လက်ရှိမှာတော့ ဂျပန်အသင်းတာဝန်ရှိသူတွေက အန်ဒိုရဲ့နေရာကို အစားထိုးဖို့အတွက် ကွင်းလယ်လူ ရှူတို မာချီနို ကို ခေါ်ယူလိုက်ပြီဆိုတဲ့အကြောင်း ထုတ်ပြန်ထားပါတယ်။

.

Source – Skysports

.

No comments:

Post a Comment

Pages