တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ကျင်းပပြီးစီး - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Friday, June 12, 2026

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ကျင်းပပြီးစီး

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂ ရက်

.

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးများကို ဇွန်လ ၉ ရက်မှ ယနေ့ ဇွန်လ ၁၂ ရက်အထိ ၄ ရက်ကြာ ကျင်းပပြုလုပ် ပြီးစီးခဲ့ကြောင်း သိရသည်။

.

.

ယနေ့ အစည်းအဝေး စတုတ္ထနေ့တွင် လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးတို့က ကြယ်ပွင့်ပြမေးခွန်း ၁၇ ခု မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ပြည်နယ်အဆင့် အဖွဲ့အစည်းဝင်ပုဂ္ဂိုလ်များက ပြန်လည် ဖြေကြားခြင်း၊ ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဆိုင်ရာ ကော်မတီ၊ သစ်တော၊ သတ္တု၊ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လျှပ်စစ်ရေးရာကော်မတီ တိုကို အတည်ပြုဖွဲ့စည်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

.

လွှတ်တော်အစည်းအဝေး ၄ ရက်အတွင်း လွှတ်တော်ကိုယ်စားလှယ် ၁၇ ဦးက ကြယ်ပွင့်ပြမေးခွန်း ၇၀ ခု မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ပြည်နယ်အဆင့် အဖွဲ့အစည်းဝင် ပုဂ္ဂိုလ်များက ဖြေကြားခြင်း၊ လွှတ်တော် ရေးရာကော်မတီ ၆ ခု ဖွဲ့စည်းခြင်းတို့ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

.

အစည်းအဝေး စတုတ္ထနေ့တွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဆောင်ရွက်ချက်များ အပါအဝင် လွှတ်တော်ဆိုင်ရာ လုပ်ငန်းများကို ရှင်းလင်း တင်ပြခဲ့ကြောင်း သိရသည်။

.

တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော်သို့ တက်ရောက်ခွင့်ရှိသော ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၁၃၂ ဦး ရှိသည့်အနက် ယနေ့ အစည်းအဝေး စတုတ္တ္ထနေ့သို့ လွှတ်တော်ကိုယ်စားလှယ် ၁၂၁ ဦး တက်ရောက်ခဲ့ပြီး ၁၁  ဦး ခွင့်ပန်ကြားကာ ရာခိုင်နှုန်းအားဖြင့် တက်ရောက်သူ ၉၁ ဒသမ ၆၇ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Pages