.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ညောင်ရွှေမြို့နယ်တွင်
ပြီးခဲ့သည့် ဇွန်လ ၉ ရက်၊ နေ့လယ်ပိုင်းက ကြက်တိုက်လောင်းကစားပြုလုပ်သူ ၃ ဦးအား ဖမ်းဆီးအရေးယူခဲ့ကြောင်း
သိရသည်။
.
.ညောင်ရွှေမြို့နယ်၊ အုန္နဲပင်ကျေးရွာတွင် ကြက်တိုက်လောင်းကစား
ပြုလုပ်နေကြောင်း သတင်းအရ ညောင်ရွှေမြို့မရဲစခန်းမှ သွားရောက်စစ်ဆေးရာ အဆိုပါကျေးရွာ၏
အရှေ့ဘက် ရွာအထွက်လမ်းဘေး၌ ထပ်အိမ်ဂူကျေးရွာနေ ဝင်းဦး၊ အုန္နဲပင်ကျေးရွာနေ
မိုးကောင်းအေးနှင့် ကျောက်ရေအိုး ကျေးရွာနေ စိုးသန်းမင်း (ခ) မင်းမင်း တို့ ၃ ဦးအား
ကြက်တိုက်လောင်းကစား ပြုလုပ်ရာတွင် အသုံးပြုသည့် တိုက်ကြက်ဖ ၂ ကောင်၊
ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း
သိရသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ ညောင်ရွှေမြို့မရဲစခန်း
တာဝန်ရှိသူအား ကမ္ဘောဇတိုင်းမှ ဆက်သွယ်မေးမြန်း ရာတွင် “အဲဒါ ပြန်မေးရဦးမယ်။
အလုပ်မအားသေးလို နောက်မှ ပြန်ဆက်ပါ” ဟု ပြန်လည်ဖြေကြားခဲ့သည်။
.
ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ဝင်းဦး၊
မိုးကောင်းအေးနှင့် စိုးသန်းမင်း (ခ) မင်းမင်း တို့ ၃ ဦးအား ညောင်ရွှေ
မြိုမရဲစခန်းတွင် (ပ)၈၀/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က) ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
.

No comments:
Post a Comment