ယနေ့အတွက် ကမ္ဘောဇတိုင်းရဲ့ သတင်းများ (ရုပ်သံ) - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Saturday, June 13, 2026

ယနေ့အတွက် ကမ္ဘောဇတိုင်းရဲ့ သတင်းများ (ရုပ်သံ)



ဒီနေ့ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်အတွင်း ရရှိထားတဲ့ သတင်းတွေထဲက အချို့ကို တင်ဆက်ထားတာ ဖြစ်ပါတယ် -
.
တာချီလိတ်မှာ ရေကြီးရေလျှံမှု မဖြစ်စေဖို့ ပြင်ဆင်မှုတွေ လုပ်ထားပြီးပြီလို့ ဒုဝန်ကြီး ပြော

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ရေကြီးရေလျှံမှု မဖြစ်ပွားစေဖို့နဲ့ ဖြစ်ပွားလာရင်လည်း ကြိုတင် ကာကွယ်ဖို့အတွက် ပြင်ဆင်မှုတွေ လုပ်ဆောင်ထားပြီ ဖြစ်တဲ့အကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ သန့်ဇော်လွင်က လွှတ်တော်မှာ ပြောဆိုသွားခဲ့ပါတယ်။

.
တောင်ကြီးမှာ ပြုလုပ်ခဲ့တဲ့ မိုးရာသီသစ်ပ င်စိုက်ပျိုးပွဲအကြောင်း

သစ်ပင်စိုက်ပျိုးခြင်းက လူသားတွေ အပါအဝင် သက်ရှိလောကအတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းညှိမှုတွေမှာ  အရေးပါတာကြောင့် အနာဂတ် ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်လာလိမ့်မယ်လို ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်က ပြောဆိုလိုက်ပါတယ်။

.
ကမ္ဘောဒီးယားနိုင်ငံအတွက် တင့်ကားတွေ ပိုပေးလိုက်တဲ့ တရုတ်

ထိုင်းနဲ့ ကမ္ဘောဒီးယားက နယ်စပ်ပြသနာနဲ့ ပတ်သက်ပြီး ထိလွယ်ရှလွယ် အခြေအနေတွေ ဖြစ်နေတုန်းမှာပဲ တရုတ်က ကမ္ဘောဒီးယားဆီကို T-59D တင့်ကားတွေ ပို့လိုက်လို့ ထိုင်းပြည်သူတွေ စိုးရိမ်မှု မြင့်တက်နေကြပါတယ်။

.
#KBZTai #Shan #Broadcasting

.

Link - https://youtu.be/GqAFz0wMRng

No comments:

Post a Comment

Pages