ချက် ကို နောက်ကနေလိုက် အနိုင်ယူပြီး ၃ မှတ်အပြည့်ရသွားတဲ့ တောင်ကိုရီးယား - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Friday, June 12, 2026

ချက် ကို နောက်ကနေလိုက် အနိုင်ယူပြီး ၃ မှတ်အပြည့်ရသွားတဲ့ တောင်ကိုရီးယား

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂ ရက်

.

မက္ကဆီကိုနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလား အုပ်စု A ၊ ဒုတိယပွဲစဉ်မှာတော့ တောင်ကိုရီးယား အသင်းက ချက်အသင်းကို ၂-၁ နဲ့ အနိုင်ယူပြီး ၃ မှတ်ရရှိသွားခဲ့ပါတယ်။

.

.

ဆွန်ဟောင်မင်နဲ့ လီကန်အင် တို့ကို ပွဲထုတ်ပြီး ဟွမ်ဟီးချန်းကို အရန်ခုံမှာထားခဲ့တဲ့ တောင်ကိုရီးယား တိုက်စစ်က ပထမပိုင်းမှာ အခွင့်အရေးတွေ ဆက်တိုက်လွဲနေခဲ့ပြီး အဝေးကန်ချက်တွေနဲ့ ဂိုးရဖို့ ကြိုးစားမှု တွေမှာလည်း အသုံးမဝင်ဘဲ ဖြစ်နေခဲ့တာပါ။

.

ချက် အသင်းက နာမည်ကျော်ကစားသမားတွေ ပါတယ်ဆိုပေမဲ့ ခံစစ်ကစားပုံက တော်တော်လေး လျော့တိ လျော့ရဲ ဖြစ်နေခဲ့ပြီး တောင်ကိုရီးယားကစားသမားတွေရဲ့ အမြန်နှုန်းကို ထိန်းနိုင်ဖို့ ခက်နေတာ တွေ့ခဲ့ရ ပါတယ်။

.

ပွဲချိန် ပထမပိုင်းကတည်း တောင်ကိုရီးယားက ဘောလုံးပိုင်ဆိုင်မှုအသာ ဂိုးကန်သွင်းမှုအသာနဲ့ ကစား သွားခဲ့တာဖြစ်ပြီး တစ်ပွဲလုံး ဘောလုံးပိုင်ဆိုင်မှုမှာ တောင်ကိုရီးယားက ၆၂ ရာခိုင်နှုန်း အထိ ရှိခဲ့တာပါ။

.

ပွဲချိန် ပထမပိုင်းမှာ ဘယ်ဖက်ကမှ ဂိုးမသွင်းနိုင်ခဲ့ပေမဲ့ ဒုတိယပိုင်းစပြီး ၁၅ မိနစ်အတွင်းမှာပဲ ချက်က ဦးဆောင်ဂိုးရသွားခဲ့တာပါ။ ပွဲချိန် ၅၉ မိနစ်မှာ သွင်းခဲ့တဲ့ ခရက်ဆီ ရဲ့ဂိုးကြောင့် ချက် တို့ ဦးဆောင်နိုင်ခဲ့ပြီး တောင်ကိုရီးယားဖက်ကတော့ တိုက်စစ်အတွက် ဟွမ်ဟီးချန်း ကို ထည့်ခဲ့ရတာပါ။ ဟွမ်ဟီးချန်း ဝင်လာပြီး ၅ မိနစ်အတွင်းမှာပဲ တောင်ကိုရီးယားက ချေပဂိုးရသွားခဲ့ပြီး အင်ဘွန်ဟွမ်းက သွင်းပေးခဲ့တာပါ။

.

ပွဲချိန် ၇၈ မိနစ်မှာ ဆူဆက် က ချက် အတွက် ဦးဆောင်ဂိုးထပ်သွင်းပေးခဲ့ပေမဲ့ VAR နဲ့ ပယ်ဖျက်ခြင်း ခံခဲ့ရပြီး အဲဒီနောက် တစ်မိနစ်အကြာမှာပဲ တောင်ကိုရီးယားက ဦးဆောင်ဂိုး ပြန်ရသွားခဲ့တာပါ။

.

ဟွမ်ဂယူအိုရဲ့ သွင်းဂိုးက တောင်ကိုရီးယား ကို အနိုင်ရရှိဖို့ လုံလောက်သွားစေခဲ့ပြီး ပွဲအပြီးမှာ ၂-၁ ဆိုတဲ့ ရလာဒ်နဲ့ တောင်ကိုရီးယားတို့ အနိုင်ရရှိသွားခဲ့တာလည်း ဖြစ်ပါတယ်။

.

No comments:

Post a Comment

Pages