အစ္စရေးဝန်ကြီးချုပ် ကို ဖုန်းခေါ်ပြီး ဆဲခဲ့တဲ့ ဒေါ်နယ်ထရမ့် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Tuesday, June 2, 2026

အစ္စရေးဝန်ကြီးချုပ် ကို ဖုန်းခေါ်ပြီး ဆဲခဲ့တဲ့ ဒေါ်နယ်ထရမ့်


အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ အစ္စရေးရဲ့ စစ်ပွဲလှု ပ်ရှားမှုတွေအပေါ် စိတ်တိုနေပြီး နေတန်ယာဟု ဆီကို ဖုန်းဆက်ပြီး ဆဲဆိုခဲ့တယ်လို့ Time သတင်းစာက ဖော်ပြခဲ့ပါတယ်။

.
အစ္စရေးရဲ့ လက်ဘနွန်နိုင်ငံအတွင်း တိုးမြှင့်နေတဲ့ စစ်ပွဲတွေကြောင့် အီရန်နဲ့ ရလုနီးပါး ဖြစ်တဲ့ ငြိမ်းချမ်းရေး သဘောတူညီချက် ပျက်ပြားသွားနိုင်တာမို့ ထရမ့်က အကြီးအကျယ် စိတ်တိုနေတာပါ။
.
Time သတင်းစာရဲ့ ဖော်ပြချက်မှာတော့ ဒီဖုန်းခေါ်ဆိုမှုကို သိရှိထားတဲ့ အမေရိကန် အရာရှိ ၂ ဦးနဲ့ အခြား သတင်းရင်းမြစ် တစ်ခုကနေ အတည်ပြုခဲ့တာ ဖြစ်တယ်လို့ သိရပြီး ထရမ့်က နေတန်ယာဟု ကို “မင်းက ရူးနေတာလား” ဆိုတဲ့ စကားနဲ့လည်း ပြောခဲ့တယ်လို့ သိရတာပါ။
.
ထရမ့်ရဲ့ပြောစကားတွေထဲမှာ ငါ မရှိရင် မင်းထောင်ထဲ ရောက်နေပြီ။ ငါက မင်းကို ကယ်တင်နေတာ။ အခုတော့ မင်းကို လူတိုင်း မုန်းနေကြပြီ။ ဒီကိစ္စကြောင့် အစ္စရေးကိုလည်း လူတိုင်း မုန်းနေပြီ” ဆိုတဲ့ စကားတွေလည်း ပါခဲ့ပါတယ်။
.
ဖုန်းပြောနေရင်း ထရမ့်က စိတ်တိုလွန်းတာကြောင့် “What the *uck are you doing” (မင်း ဘာတွေ လျှောက်လုပ်နေတာလဲ) လို့လည်း အော်ဟစ်နေခဲ့ပြီး နေတန်ယာဟု ဖက်ကတော့ ထရမ့် ပြောတာတွေကိုသာ နားထောင်နေခဲ့တယ်လို့ သိရတာပါ။
.
အီရန် အစိုးရနဲ့ နီးစပ်တဲ့ သတင်းဌာနတွေကတော့ နေတန်ယာဟု ဟာ ဟစ်ဇ်ဘိုလာတွေရဲ့ တိုက်ခိုက်နေမှုကို လက်တုန့်ပြန်တဲ့ အနေနဲ့ ဘေရွတ်မြို့ပေါ်မှာ ရှိတဲ့ ဟစ်ဇ်ဘိုလာ အခြေစိုက်စခန်းကို တိုက်ခိုက်ဖို့ အမိန့် ပေးထားပြီး တကယ်လို့ တိုက်ခိုက်မှုသာ ဖြစ်လာခဲ့ရင် အီရန်အနေနဲ့ အမေရိကန်နဲ့ ဆွေးနွေးပွဲတွေကို ရပ်ဆိုင်းလိုက်ဖို့ အသင့် ရှိနေတယ်လို့ ဖော်ပြနေကြတာပါ။
.
ဟစ်ဇ်ဘိုလာ အဖွဲ့က အီရန်ရဲ့ မဟာမိတ်လက်နက်ကိုင်အဖွဲ့ တစ်ခု ဖြစ်ပြီး အီရန်ဆီကနေ လက်နက်၊ ငွေကြေး စတဲ့ အထောက်အပံ့တွေနဲ့ ရှင်သန်နေတယ်လို့တောင် ပြောကြရတဲ့အဖွဲ့ပါ။ အီရန်နိုင်ငံခြားရေးဝန်ကြီး အေရာချီကတော့ လက်ဘနွန်အပေါ် အစ္စရေးရဲ့တိုက်ခိုက်နေမှုတွေဟာ ဧပြီလမှာ အမေရိကန်နဲ့ အီရန်တို့ သဘော တူထားတဲ့ အပစ်ရပ်ရေးကို ချိုးဖောက်ရာ ကျနေတယ်လို့ မှတ်ချက်ပေးထားပါတယ်။
.
ထရမ့်နဲ့ နေတန်ယာဟုရဲ့ ဖုန်းပြောမှုတွေမှာ အစ္စရေးအနေနဲ့ ဘေရွတ်မြို့တော်ကို ဗုံးကြဲတိုက်ခိုက်ခြင်း မပြုဖို့ ထရမ့်က ပြောဆိုခဲ့ပြီး ဒီလို တိုက်ခိုက်မှုကြောင့် အစ္စရေးက ကမ္ဘာ့အလယ်မှာ အထီးကျန်သွားလိမ့်မယ် ဆိုပြီး အကြံ ပေးခဲ့ပါသေးတယ်။
.
အဲဒီ နောက်မှာတော့ အမေရိကန်က ကြားဝင်ပြီး ဟစ်ဇ်ဘိုလာအနေနဲ့ အစ္စရေးကို တိုက်ခိုက်ခြင်း မရှိတော့ဘူးဆိုရင် အစ္စရေးကလည်း တိုက်ခိုက်မှုတွေ ရပ်တန့်တော့မှာ ဖြစ်တဲ့အကြောင်း ညှိနှိုင်းပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ နေတန်ယာဟုရဲ့ တပ်တွေက လက်ဘနွန် နိုင်ငံထဲကနေ ပြန်လည် ဆုတ်ခွာနေကြပြီလို့လည်း သတင်းတွေမှာ ဖော်ပြနေကြပါတယ်။

.
Source – Time
.

#KBZTai #Shan #Israel #USA #International

.

Link - https://shorturl.at/Yy1Df

No comments:

Post a Comment

Pages