ယနေ့အတွက် ကမ္ဘောဇတိုင်းရဲ့ သတင်းများ (ရုပ်သံ) - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Friday, June 12, 2026

ယနေ့အတွက် ကမ္ဘောဇတိုင်းရဲ့ သတင်းများ (ရုပ်သံ)


ဒီနေ့ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂ ရက်အတွင်း ရရှိထားတဲ့ သတင်းတွေထဲက အချို့ကို တင်ဆက်ထားတာ ဖြစ်ပါတယ် -

.
တောင်ကြီးနဲ့ ရှမ်းပြည်နယ်အတွင်းရှိ မြို့တွေမှာ KTV နဲ့ ဘားဆိုင်တွေ အပြိုင် ဖွင့်လာ
တောင်ကြီးမြို့ အပါအဝင် ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့ မြို့နယ်တွေမှာ KTV တွေနဲ့ ဘားဆိုင်တွေ အပြိုင်အဆိုင် ဖွင့်လာကြတာကြောင့် လူငယ်တွေ ပျက်စီးလာမှာကို မိဘတွေက စိုးရိမ်နေကြပါတယ်။
.
ဈေးတွေ ၄၀၀ ကျော်လောက် ကျဆင်း
စက်သုံးဆီ ကြီးကြပ်ရေးကော်မတီရဲ့ ဇွန်လ ၁၂ ရက်နေ့ ထုတ်ပြန်တဲ့ ဈေးနှုန်းတွေအရ ဓာတ်ဆီဈေးတွေ ၄၀၀ ကျော် ကျဆင်းလာပြီး ဒီဇယ်ဈေးတွေလည်း ကျဆင်းနေတယ်လို့ သိရပါတယ်။
.
ထိုင်းတော်ဝင် မိသားစုရဲ့ မင်းသမီးကြီး ကွယ်လွန်
ထိုင်းနိုင်ငံ၊ တော်ဝင်မိသားစုရဲ့ မင်းသမီးကြီး ပါချရာကီတီယာဘာ နတ်ရွာစံ ကွယ်လွန်သွားပြီလို့ ထိုင်းနိုင်ငံ တော်ဝင်နန်းတွင်း ဗျုရိုကနေ ဇွန်လ ၁၂ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
.
#KBZTai #Shan #Broadcasting

.

Link - https://shorturl.at/2IB5b

No comments:

Post a Comment

Pages