ကလောတွင် စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀ ဖမ်းမိ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Thursday, June 4, 2026

ကလောတွင် စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀ ဖမ်းမိ

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၄ ရက်

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့တွင် ယမန်နေ့ ဇွန်လ ၃ ရက်၊ ညနေပိုင်းက စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀ အား လက်ဝယ်ထားရှိသူနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

တောင်ကြီး ခရိုင်မူးယစ်တပ်ဖွဲ့စု ပါဝင်သော ပူးပေါင်းအဖွဲ့က ယမန်နေ့ ဇွန်လ ၃ ရက်၊ ညနေပိုင်းတွင် ကလောမြို့၊ အင်းပြင်ရပ်ကွက်နေ ကျော်လှိုင်ဦး၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းအိပ်သည့် အိပ်ရာ ဘေးရှိ အမည်းရောင် ကြွပ်ကြွပ်အိတ်အတွင်းမှ WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားပါ ၂ ထုပ်၊ စုစုပေါင်း ဆေးပြား ၄၀၀ အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ကျော်လှိုင်ဦးအား ကလောမြို့မရဲစခန်း တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Pages