ဇွန်လ ၁၆ ရက်အတွက် ကမ္ဘာ့ဖလားခန့်မှန်းချက်များ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Tuesday, June 16, 2026

ဇွန်လ ၁၆ ရက်အတွက် ကမ္ဘာ့ဖလားခန့်မှန်းချက်များ

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၆

.


.

ပြင်သစ် - ဆီနီဂေါ (နံနက် ၁-၃၀)

.

ဒီအုပ်စုမှာ ပြင်သစ်၊ ဆီနီဂေါ အပြင် နော်ဝေလည်း ရှိနေတာမို့ ပြင်သစ်အတွက် သိပ်ပြီးချောင်တယ်လို့တော့ ပြောလို့မရဘူး။ အထူးသဖြင့် ဆီနီဂေါက တကယ်တောင့်တင်းတဲ့ လူစာရင်းရှိနေပြီး တိုက်စစ်မှာ ဂျက်ဆင်၊ မာနေး တို့အပြင် အဲဗာတန်က ဒီယာရီလည်း ရှိနေတယ်။ ကွင်းလယ်မှာလည်း ပဲလေ့စ် ကွင်းလယ်လူ ဆား၊ ကာမာရာ၊ ဂွီယီတို့လည်း ရှိနေတာမို့ ကစားအားရှိတယ်။ ခံစစ်မှာဆိုရင်တော့ လိုင်ယွန်ရဲ့ နီယာခါနီ၊ ကူလီ ဘာလေ တို့ ကစားကြမှာဖြစ်လို့ ပြင်သစ်တိုက်စစ် တော်တော်လေး တိုးရမယ့်အနေအထားပဲ။

.

ပြင်သစ်ဖက်မှာလည်း ဘက်ပီ၊ အိုလစ်ဆီ၊ ဒမ်ဘီလီနဲ့ ဒိုဝီတို့ရဲ့တိုက်စစ်လူစာရင်းက သွားရှုပ်လို့မရတဲ့ အနေအထားမှာရှိတယ်။ ကွင်းလယ်မှာ ချူဝါမီနီနဲ့ ရာဘီယော့ တို့ကစားကြမှာဖြစ်ပြီး ခံစစ်မှာ ပါမီကာနို၊ ဆာလီဘာ၊ ကွန်ဒီနဲ့ ဟာနန်ဒက်ဇ် တို့ကစားသွားကြဖို့ရှိပါတယ်။

.

ပြောရရင် ပြင်သစ်အသင်းထဲမှာ စည်းလုံးမှုနဲ့ပတ်သက်ပြီး ပြသနာလေးတွေရှိနေတယ်ဆိုပေမဲ့ ပြင်သစ်က အရေးအကြောင်းဆို ညံ့နေတတ်တဲ့ အသင်းမျိုးမဟုတ်ဘူး။ အချိန်မရွေး ဂိုးအဖြစ်ပြောင်းနိုင်မယ့်သူတွေ ရှိသလို ခြေစမ်းပွဲတွေမှာလည်း တစ်ပွဲကို အနိမ့်ဆုံး ၂ ဂိုးလောက်တော့ သွင်းပြထားတယ်။

.

ဆီနီဂေါတိုက်စစ် က ကစားအားရှိတာမို့ တစ်ဂိုးလောက် မျှော်လင့်လို့ရနိုင်ပေမဲ့ ပြင်သစ်ဆီကတော့ အမှတ် ခွဲယူဖို့ လွယ်မှာမဟုတ်ပါဘူး။ ပြင်သစ် ၃ မှတ်ရသွားမယ့်ပွဲမျိုးပါ။

.

အီရတ် - နော်ဝေ (နံနက် ၄-၃၀)

.

ဒီအုပ်စုထဲမှာ နော်ဝေက အီရတ်ဆီကနေပဲ အဓိက အမှတ်ယူရမှာမို့ ဒီပွဲကို အမှားခံလိမ့်မယ်တော့ မထင်ဘူး။ အီရတ်အသင်းမှာက နိုင်ငံအပြင်ထွက် ကစားနေရတဲ့ ကစားသမားတွေရှိပေမဲ့ အသင်းငယ်လေးတွေမှာ ကစားနေကြတာမို့ ပြောရလောက်တဲ့ ကြယ်ပွင့်ကစားသမား ရှိမနေဘူး။

.

နော်ဝေမှာတော့ တိုက်စစ်မှာ ဟာလန်း၊ ဆော်လော့တို့ ရှိနေပြီး ကွင်းလယ်မှာလည်း အိုဒီဂတ်၊ ဖူလ်ဟမ်ရဲ့ ဘတ်ဂ် တို့ရှိတယ်။ ခံစစ်ကလည်း အရမ်းကောင်းတာမျိုးမဟုတ်ပေမယ့် ဒေါ့တ်မွန်ရဲ့ ရိုင်ယာဆင်၊ ဝူလ်ဖီ တို့ ရှိကြလို့ အတိုင်းအတာတစ်ခုအထိတော့ မာသေးတယ်လို့ ပြောလို့ရပါတယ်။

.

ကမ္ဘာ့ဖလားမတိုင်ခင် ခြေစမ်းပွဲတွေမှာ အီရတ်က စပိန်ကို သရေကစားနိုင်ခဲ့တယ်ဆိုပေမဲ့လည်း အဲဒီနောက်မှာတော့ ဗင်နီဇွဲလား ကို သွားရှုံးထားတယ်။

.

နော်ဝေကတော့ နောက်ဆုံး ကစားခဲ့တဲ့ ခြေစမ်းပွဲ ၄ ပွဲမှာ နယ်သာလန်တစ်သင်းကိုပဲ ရှုံးထားတာ တွေ့ရတယ်။

.

ဟာလန်းနဲ့ ဆော်လော့တို့ဆီကနေ တစ်ဂိုးလောက်တော့ မျှော်လင့်လို့ရမယ့်ပွဲမို့ ဒီပွဲမှာ နော်ဝေပဲ ၃ မှတ်ရသွားမှာပါ။

.

အာဂျင်တီးနား - အယ်လ်ဂျီးရီးယား (နံနက် ၇-၃၀)

.

အာဂျင်တီနားက အုပ်စု J မှာ ဩစတြီးယား၊ အယ်လ်ဂျီးရီးယား၊ ဂျော်ဒန်တို့နဲ့ တစ်အုပ်စုတည်း ကျနေပြီး အဖွင့်ပွဲအဖြစ် အယ်လ်ဂျီးရီးယားနဲ့ ကစားရမယ်။

.

ကမ္ဘာ့ဖလားရဲ့လက်ရှိချန်ပီယံ အာဂျင်တီးနားက တိုက်စစ်မှာ မက်ဆီ၊ အယ်လ်ဗာရက်ဇ် အတွဲနဲ့ ပွဲထွက်လာဖို့ များပြီး ကွင်းလယ်မှာ ဒီပေါလ်၊ မက်အလစ္စတာ၊ အန်ဇို၊ အယ်လ်မေးဒါးတို့ ကစားဖို့ရှိနေတယ်။ ခံစစ်မှာတော့ အော်တာမန်ဒီနဲ့ ရိုမီယို တို့က ဦးဆောင်လာမှာပါ။

.

အယ်လ်ဂျီးရီးယားကတော့ မာရက်ဇ် ဦးဆောင်တဲ့အသင်းဖြစ်ပြီး သူတို့ရဲ့အသင်းလိုက် ကစားပုံကြောင့် နာမည်ကြီးတဲ့အသင်းပါ။ မန်စီးတီးရဲ့ အစ်နူးရီ၊ လေဗာကူဆင်ရဲ့ မာဇာ တို့လည်း ရှိနေတာမို့ လျှော့တွက် ထားလို့မရတဲ့အသင်းထဲမှာပါတယ်။ ခြေစစ်ပွဲအဆင့်မှာ ၁၀ ပွဲကစားပြီး ၂၅ မှတ်အထိ ရယူထားနိုင်ခဲ့တာမို့ အယ်လ်ဂျီးရီးယားက ဒီအဆင့်မှာလည်း တစ်ခုခု လုပ်ပြနိုင်လိမ့်မယ်လို့ ခန့်မှန်းချက်တွေလည်း ရှိထားတယ်။

.

အာဂျင်တီးနားက လက်ရှိချန်ပီယံဂုဏ်ပုဒ်ကို ထိန်းဖို့ ဒီပွဲမှာ အနိုင်ကစားဖို့ကြိုးစားမှာပေမဲ့ အယ်လ်ဂျီးရီးယား ကို ၂ ဂိုးပြတ်နိုင်ဖို့ဆိုတာကတော့ ခက်လိမ့်မယ်ထင်ပါတယ်။ တစ်ဂိုးအသာလောက်နဲ့ပဲ အာဂျင်တီးနား ကပ်နိုင်သွားနိုင်တဲ့ပွဲပါ။

.

ဩစတြီးယား - ဂျော်ဒန် (နံနက် ၁၀-၃၀)

.

ဩစတြီးယားက တိုက်စစ်မှူး အနော်တိုဗစ်၊ ကွင်းလယ်လူ ဆဗစ်ဇာနဲ့ ခံစစ်က အလာဘာ တို့ရဲ့အသင်းပါ။ ခြေစစ်ပွဲအဆင့်တုန်းက အုပ်စုတွင်းမှာ ထိပ်ဆုံးက ဦးဆောင်ခဲ့တဲ့အသင်းဖြစ်ပြီး ၈ ပွဲမှာ ၁ ပွဲပဲ ရှုံးခဲ့တာပါ။

.

ဂျော်ဒန်ကတော့ ဒေသတွင်းလိဂ်တွေက ကစားသမားတွေကိုသာ အခြေခံဖွဲ့စည်းထားတာဖြစ်ပြီး ဒီလ တွေထဲမှာ ရလာဒ်ကောင်းရဖို့ ရုန်းကန်နေရတဲ့အသင်းပါ။

.

ကမ္ဘာ့ဖလားမတိုင်ခင် ခြေစမ်းပွဲ ၄ ပွဲမှာ တစ်ပွဲမှ မနိုင်ခဲ့ပဲ တစ်ပွဲကို ၂ ဂိုးလောက် ပေးနေရတဲ့ ခံစစ်နဲ့မို့ ဒီအုပ်စုမှာ ဂျော်ဒန်ရဲ့အဆင့်က အိမ်ဖြည့်လို့ ပြောလို့်ရပါတယ်။

.

ဩစတြီးယားအတွက်တော့ အုပ်စုတွင်းမှာ အာဂျင်တီးနား၊ အယ်လ်ဂျီးရီးယားတို့ရှိနေတာမို့ ဂျော်ဒန်ကို အနိုင်ကစားမှ ရမှာပါ။ ဩစတြီးယားအနိုင်သေချာတဲ့ ပွဲမျိုးဖြစ်ပြီး ဂိုးလည်းပြတ်ပါလိမ့်မယ်။

.

No comments:

Post a Comment

Pages