.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၉ ရက်
.
ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တာဝန်ယူဖို့အတွက်
ပထမဆုံး ဆိုမာလီလူမျိုး ဒိုင်လူကြီးအဖြစ် ရွေးချယ်ခံထားရတဲ့ အိုမာ အဘ်ဒူကာဒါ အာတန်
ကို အမေရိကန်က နိုင်ငံတွင်း ဝင်ရောက်ခွင့် ငြင်းပယ်လိုက်တာမို့ ပြသနာတွေ
တက်နေပါတယ်။
.
.အာတန် က ၂၀၂၅ ခုနှစ်ရဲ့အာဖရိက ဖလားပြိုင်ပွဲမှာ
“အကောင်းဆုံး အမျိုးသားဒိုင်လူကြီး”ဆုကို ရရှိခဲ့တာ ဖြစ်ပြီး လက်ရှိအချိန်မှာတော့
အမေရိကန်ကြောင့် ပြိုင်ပွဲမှာ တာဝန်ထမ်းဆောင်မယ့် ဒိုင်လူကြီးစာရင်းကနေ
ဖယ်ရှားခြင်း ခံထားရတာပါ။
.
အမေရိကန် လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်တွေက
ဇွန်လ ၈ ရက်မှာ မိုင်ယာမီလေဆိပ်ကို ရောက်လာတဲ့ အာတန်ကို ဝင်ခွင့်ပိတ်ခဲ့တာဖြစ်ပြီး
တူရကီနိုင်ငံဆီ ပို့ဆောင်ခဲ့တာပါ။ ပြန်လည်ပို့ဆောင်ရတဲ့ အကြောင်းရင်း ကိုတော့
အမေရိကန်ဖက်က တရားဝင်ထုတ်ပြန်ခြင်း မရှိသေးပါဘူး။
.
အာတန်ရဲ့ မွေးရပ်မြေဖြစ်တဲ့ ဆိုမာလီယာ က
အမေရိကန်ရဲ့ခရီးသွားလာခွင့် ကန့်သတ်ချက်စာရင်းတွေထဲမှာ ပါဝင်နေတာကြောင့်
အာတန်အနေနဲ့ အမေရိကန်နိုင်ငံတွင်းကို ဝင်ရောက်ခွင့် ပိတ်ပင်ခံရတာဖြစ်တယ် ဆိုတဲ့ သုံးသပ်ချက်တွေကတော့
ထွက်ပေါ်နေပါတယ်။
.
အာတန်နဲ့ပတ်သက်လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ကနေ
ထုတ်ပြန်ချက်ပြုလုပ်ခဲ့ပြီး အာတန်ကို ပြိုင်ပွဲရဲ့ ဒိုင်လူကြီး စာရင်းကနေ
ဖယ်ရှားလိုက်ပြီဆိုတဲ့အကြောင်း အသိပေးလိုက်ပါတယ်။
.
“ဒိုင်လူကြီး အာတန် ဟာ အမေရိကန်နိုင်ငံထဲကို
ဝင်ရောက်ခွင့် ပိတ်ပင်ခံလိုက်ရတာကြောင့် လေ့ကျင့်ရေးနဲ့ ပြိုင်ပွဲတာဝန်တွေကို
ထမ်းဆောင်နိုင်တော့မှာမဟုတ်ပါဘူး” လို့ FIFA က ကြေညာထားတာပါ။
.
ဒါ့အပြင် FIFA အနေနဲ့
ကမ္ဘာ့ဖလားလက်ခံကျင်းပမယ့် အိမ်ရှင်နိုင်ငံတွေရဲ့ ဗီဇာကန့်သတ်ချက်ကို ဝင်ရောက် စွက်ဖက်ခွင့်
မရှိတဲ့အကြောင်းနဲ့ အိမ်ရှင်နိုင်ငံတွေရဲ့ ဆုံးဖြတ်ချက်ကိုသာ
လက်ခံရမှာဖြစ်တဲ့အကြောင်း ထပ်ဆောင်း အသိပေးထားပါသေးတယ်။\
.
Source – BBC
.

No comments:
Post a Comment