ထိုင်းမှာ သုံးဘီးယာဉ်ပေါ်က ပြုတ်ကျခဲ့တဲ့ စကော့တလန် လက်ဝှေ့သမား သေဆုံး - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Friday, June 19, 2026

ထိုင်းမှာ သုံးဘီးယာဉ်ပေါ်က ပြုတ်ကျခဲ့တဲ့ စကော့တလန် လက်ဝှေ့သမား သေဆုံး

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်

.

ထိုင်းနိုင်ငံ၊ ဖူးခက်မှာ သုံးဘီး (တုတ်တုတ်)ယာဉ်ပေါ်က ပြုတ်ကျသွားခဲ့တဲ့ စကော့တလန်ရဲ့ ရှုံးပွဲမရှိ ဝယ်လ်သာ ဝိတ် ချန်ပီယံလက်ဝှေ့သမား သေဆုံးသွားခဲ့ပြီး ထိုင်းယာဉ်မောင်းလည်း ဖမ်းဆီးခြင်းခံထားရပါတယ်။

.

.

ဇွန်လ ၁၄ ရက်နေ့ မနက်အစောပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်စဉ်ကြောင့် စကော့တလန်ဝယ်သာဝိတ်တန်း ရှုံးပွဲ မရှိ ချန်ပီယံဖြစ်တဲ့ အသက် ၂၂ နှစ်အရွယ် ကော်လင် ကိုင်ယာနေး ဟာ ပြင်းထန်တဲ့ဒဏ်ရာတွေ ရရှိခဲ့ပြီးတဲ့ နောက် ဆေးရုံပေါ်မှာ ကိုမာ ဝင်သွားခဲ့တာပါ။

.

ကော်လင် ကို သတိလစ်မေ့မြောနေတဲ့အခြေအနေနဲ့ ဖူးခက်ဆေးရုံမှာ ကုသမှုခံယူခဲ့ပေမဲ့လည်း ဒီနေ့မနက် ပိုင်းမှာ သေဆုံးသွားခဲ့တာပါ။ CCTV မှတ်တမ်းတွေနဲ့ ဟိုတယ်လုံခြုံရေးတွေရဲ့ပြောဆိုချက်အရတော့ ဒီပြုတ်ကျမှု မတိုင်မီမှာ ကော်လင် ဟာ သူငယ်ချင်းတွေနဲ့ ပျော်ပွဲရွှင်ပွဲ လုပ်ခဲ့ပြီးတဲ့နောက် ဟိုတယ်ကိုပြန်ဖို့ အနီရောင်သုံးဘီး တစ်စီးကို ငှားခဲ့တယ်လို့ သိရတာပါ။

.

အဲဒီနောက်မှာတော့ ကော်လင်ဆီမှာ ငွေသားမရှိတဲ့အတွက် ယာဉ်မောင်းနဲ့ အငြင်းပွားမှုတချို့ဖြစ်ခဲ့ပြီး ATM စက်ဆီသွားရောက်ကာ ငွေထုတ်ပေးဖို့ သဘောတူခဲ့ကြပါတယ်။

.

အဲဒီနောက် မြင်တွေ့ရတဲ့ CCTV မှတ်တမ်းတွေမှာတော့ အနီရောင်သုံးဘီး ဟာ မနက် ၄ နာရီ ၂ မိနစ်မှာ ပါတွန် ဘက်ဆီ ပြန်မောင်းသွားတာကို တွေ့ခဲ့ရပြီး ခရီးသည်ကို ချထားပေးခြင်း မရှိတာကိုလည်း တွေ့ခဲ့ရ ပါတယ်။ ခဏအကြာမှာတော့ ကော်လင် က ယာဉ်ရဲ့အနောက်ဖက်ကနေ ပြုတ်ကျသွားခဲ့ပြီး လမ်းမပေါ်ကို ခေါင်းနဲ့ကျခဲ့တာကြောင့် ပြင်းထန်တဲ့ဒဏ်ရာတွေ ရသွားခဲ့တာပါ။

.

ပါတွန်ရဲစခန်းက ရဲမှုးကြီး ဆူရာချက်ရဲ့ ပြောစကားအရတော့ ကော်လင် ဟာ ဗြိတိန်က ဆွေမျိုးတွေ၊ သူငယ်ချင်းတွေနဲ့အတူ အပန်းဖြေခရီးအဖြစ် ဖူးခက်ကို လာရောက်ခဲ့တာဖြစ်တယ်လို့ သိရတာပါ။ အခင်းဖြစ်ပွားချိန်မှာ ကော်လင် က တော်တော်လေး အရက်မူးနေခဲ့ပြီး အဲဒါက သေဆုံးမှုရဲ့အဓိက အကြောင်းရင်း ဖြစ်နိုင်တယ်လို့ မှတ်ချက်ပေးထားပါတယ်။

.

ဟိုတယ်ဝန်ထမ်း တစ်ယောက်ရဲ့ပြောဆိုမှုအရတော့ ကော်လင်က ဟိုတယ်မှာ ကတ်နဲ့ ငွေသားလဲလှယ်ဖို့ ကြိုးစားခဲ့ပြီး မအောင်မြင်ခဲ့တာကြောင့် ဘတ် ၄၀၀ လောက်ကျသင့်တဲ့ ယာဉ်စီးခကိုပေးချေနိုင်ဖို့ ATM စက်ဆီ သွားခဲ့တယ်လို့ သိရတာပါ။

.

ရုပ်သံမှတ်တမ်းတွေမှာတော့ ကော်လင်က ယာဉ်ပေါ်ကနေ တစ်ဦးတည်းပြုတ်ကျခဲ့တာဖြစ်ပြီး တိုက်ခိုက် ခံရတယ်ဆိုတဲ့ သက်သေအထောက်အထားလည်း မရှိခဲ့တာကို တွေ့ရတာပါ။ သုံးဘီးယာဉ်မောင်းက ကော်လင် ကျသွားခဲ့တာကို သတိထားမိခဲ့ပေမဲ့ ရပ်တန့်ပြီး ကူညီပေးခြင်းမရှိဘူးလို့လည်း ရုပ်သံမှတ်တမ်း တွေမှာ တွေ့ခဲ့ရပါတယ်။

.

ရဲတပ်ဖွဲ့က အသက် ၃၄ နှစ်အရွယ် ကစ်ပေါင် လို့ခေါ်တဲ့ယာဉ်မောင်းကို ဖမ်းဆီးထားပြီး သူ့ရဲ့ထွက်ဆိုချက် မှာတော့ အရက်မူးနေတဲ့အမျိုးသားကို ATM စက်ဆီ ခေါ်ဆောင်သွားပေမဲ့ ငွေထုတ်ဖို့ကြိုးစားမှုက မအောင်မြင် ခဲ့တာကြောင့် မူလနေရာကို ပြန်ပို့ဖို့ ကြိုးစားခဲ့ပြီး လမ်းမှာ ခရီးသည်ပြုတ်ကျခဲ့တာဖြစ်တယ်လို့ ပြောထားတာပါ။

.

ကစ်ပေါင်က ယာဉ်ပေါ်မှာ မူမမှန်တာ တစ်ခုခု ဖြစ်သွားခဲ့ပေမဲ့ သတိထားကြည့်ခဲ့ခြင်းမရှိဘဲ ၂ ကီလိုမီတာ လောက် ဆက်မောင်းပြီးချိန်မှာမှ ခရီးသည် ယာဉ်ပေါ်မှာမရှိတော့တဲ့အကြောင်း သိရှိခဲ့ရတယ်လို့ ပြောခဲ့ တာပါ။

.

ဒါပေမဲ့ ကစ်ပေါင်က ဒီဖြစ်ရပ်ကို အရေးပေါ်ကူညီမှု၊ ဒါမှမဟုတ် ရဲတပ်ဖွဲ့ဆီ အကြောင်းမကြားခဲ့ဘဲ နောက်ပိုင်းမှာမှ ခရီးသည်ပြုတ်ကျခဲ့ပြီး ဒဏ်ရာရ သေဆုံးသွားတဲ့အကြောင်း သိရတာဖြစ်ပါတယ်။

.

ကော်လင် က စကော့တလန်ရဲ့နာမည်ကျော် မျိုးဆက်သစ် လက်ဝှေ့သမားတွေထဲက တစ်ယောက်ဖြစ်လာ မယ်လို့ ခန့်မှန်းထားခံရသူဖြစ်ပြီး ၂၀၂၃ ဖေဖော်ဝါရီလကနေ စပြီး ပရိုပွဲထိုးသတ်မှု ၁၀ ပွဲမှာ ရှုံးပွဲမရှိ စံချိန်ကို ရယူနိုင်ခဲ့သလို ၂၀၂၅ ခုနှစ် မှာ WBO ဝယ်သာဝိတ်ချန်ပီယံဆုကို ရယူနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

.

Source – Bangkok Post

.

No comments:

Post a Comment

Pages