.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်ဒေသအတွင်း၌
ဝက်သေဆုံးမှုများ ရှိနေသော် လည်း စိုးရိမ်ဖွယ်ရာမရှိကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနထံမှ
သိရသည်။
.
.“ပြည်နယ်မှူးကိုယ်တိုင် ကွင်းဆင်းနေတယ်။ တွေ့ရှိတဲ့
အနေအထားကတော့ အဲဒီလောက် သေတာလည်း မဟုတ်ဘူး။ သို့သော် ရာသီဥတု အကူးအပြောင်းကြောင့် ရှိချင်
ရှိမှာပေါ့။ ဌာနကတော့ ပညာပေးဟောပြောပွဲ တွေ၊ လိုအပ်တဲ့ ဇီဝလုံခြုံမှုနဲ့ ပတ်သက်ပြီး
သိရှိအောင် ဆောင်ရွက်နေတာ ရှိပါတယ်” ဟု တာဝန်ရှိသူ တစ်ဦး က ပြောသည်။
.
ဝက်သေဆုံးမှုများမှာ အများအပြားသေဆုံးခြင်း မဟုတ်ဘဲ
ပုံမှန် ဖြစ်ရိုးဖြစ်စဉ် နေမကောင်း မကျန်းမာ၍ သေဆုံးခြင်းသာဖြစ်ပြီး သေဆုံးဝက်များကိုမူ
စနစ်တကျ မြှုပ်နှံရန် လိုအပ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။
.
ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ မင်းချောင်းကျေးရွာနေ
အမျိုးသားတစ်ဦးကလည်း “ဈေးတွေမှာလည်း ဝက်သား ရောင်းချသူလည်းရှိတယ်၊ ဝယ်သူလည်းရှိတယ်။
ဆိုးဆိုးရွားရွား ကျန်းမာရေးဌာန ကနေ တားရ လောက်တဲ့အဆင့်အထိ မဖြစ်လို့ ညောင်ရွှေစာပြန်ပွဲမှာလည်း
ဝက်သားနဲ့ စီစဉ်ထားပါတယ်” ဟု ပြောဆို ခဲ့သည်။
.
ညောင်ရွှေစာပြန်ပွဲအတွက် အသားချက်ပြုတ်ရာတွင်လည်း
သန့်ရှင်းလတ်ဆတ်မှုနှင့် အများပြည်သူ စားသုံးရန် သင့်လျော်မှု ရှိ/မရှိကို မွေးမြူရေးနှင့်
ကုသရေးဦးစီးဌာနက ကြီးကြပ်ပြီး နေ့စဉ် ဓါတ်ခွဲစမ်းသပ်မှု ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း
သိရသည်။
.
ထို့အပြင် မြို့နယ်အသီးသီးရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနများအနေဖြင့်
သက်ဆိုင်ရာ မြို့နယ်အလိုက် အသားသန့်ရှင်ရေးနှင့် ကျန်းမာလတ်ဆတ်သော အသားရရှိရေးအတွက်
ကြပ်မတ်ဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။
.

No comments:
Post a Comment