■ ဖိလစ်ပိုင်နဲ့အင်ဒို ကို ဝင်ရောက်ဖို့ များတဲ့ ဆူနာမီလှိုင်းတွေကို တွေ့ရှိ
.
အမေရိကန်နိုင်ငံရဲ့ ငလျင်စစ်တမ်းအဖွဲ့ကနေပြီး အင်ဒိုနဲ့ ဖိလစ်ပိုင်ကို
ဝင်ရောက်ဖို့ ရှိနေတဲ့ ဆူနာမီလှိုင်းတွေကို တွေ့ရှိခဲ့ပါတယ်။ လှိုင်းအမြင့် ၀ ဒသမ
၁ ပေကနေ ၁ ဒသမ ၅ ပေအထိ ရှိတဲ့ လှိုင်းလုံးတွေက
ဖိလစ်ပိုင်နဲ့ အင်ဒို ကမ်းရိုးတန်းဒေသတွေကို ဝင်ရောက်ဖို့ ရှိနေတာပါ။ ဂူအမ်နဲ့
မြောက်ပိုင်းမာရီယာနာ ကျွန်းတွေမှာတော့ ထုတ်ပြန်ထားတဲ့ ဆူနာမီ သတိပေးချက်ကို
ဖျက်သိမ်းလိုက်ပြီး အန္တရာယ် မရှိကြောင်း အတည်ပြုလိုက်ပါတယ်။
.
■ General Santos မြို့မှာ ငလျင်ကြောင့် အဆောက်အဦတွေ ပျက်စီး
.
General Santos မြို့က ဒေသခံတစ်ယောက် ရိုက်ထားတဲ့ ဗီဒီယိုထဲမှာတော့
ဖိလစ်ပိုင်ရဲ့ လူကြိုက်များတဲ့ စားသောက်ဆိုင် ဖြစ်တဲ့ Jollibee ရဲ့ ဆိုင်ခွဲတစ်ခု ငလျင်ကြောင့် ပြိုကျသွားတာကို တွေ့နေရပါတယ်။
.
■ လေဆိပ်လုပ်ငန်းတွေ
ရပ်ဆိုင်း
.
General Santos နိုင်ငံတကာ လေဆိပ်ကို ငလျင်အပြီး လုံခြုံရေး စစ်ဆေးမှုတွေ
ပြုလုပ်ဖို့ ယာယီ ရပ်နားထားတဲ့အကြောင်း လေကြောင်းအာဏာကိုင်တွေက ကြေညာလိုက်ပါတယ်။
ဒါပေမယ့် မင်ဒါနာအို မှာ ရှိတဲ့ တခြားလေဆိပ်တွေကတော့ လုပ်ငန်းတွေ ပုံမှန်အတိုင်း
ဆက်လက် လည်ပတ်နေကြတာပါ။
.
■ ဩစတြေးလျနဲ့ နယူးဇီလန်
.
ဩစတြေးလျက နိုင်ငံတွင်းမှာ ထုတ်ပြန်ထားတဲ့ ဆူနာမီ စောင့်ကြည့်မှုကို
ဖျက်သိမ်းလိုက်ပြီး အန္တရာယ် ကင်းကြောင်း ကြေညာလိုက်ပါတယ်။ နယူးဇီလန် အာဏာပိုင်တွေကလည်း
ဆူနာမီ အန္တရာယ်နဲ့ ကင်းလွတ်တဲ့အကြောင်း ပြည်သူတွေကို အသိပေးထားပါတယ်။
.
■ ဖိလစ်ပိုင်ကြက်ခြေနီအဖွဲ့က
အမြင့်ဆုံး သတိပေးချက် ထုတ်ထား
.
ဖိလစ်ပိုင်နိုင်ငံရဲ့
ကြက်ခြေနီအဖွဲ့က အမြင့်ဆုံး အရေးပေါ်သတိပေးချက် အဆင့်မှာ ရှိနေကြောင်း
ကြေညာလိုက်ပြီး ကယ်ဆယ်ရေး အဖွဲ့တွေကို နေရာ အသီးသီးစီ စေလွှတ်ထားကြောင်း
ပြောဆိုထားပါတယ်။
အဖွဲ့ဝင်တွေက အဆောက်အအုံ ပျက်စီးမှုတွေ စစ်ဆေးခြင်း၊ ပြည်သူတွေကို
ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခြင်းနဲ့ အရေးပေါ်အကူအညီပေးခြင်း စတာတွေကို
လုပ်ဆောင်ပေးနေကြပါတယ်။
.
■ General Santos မြို့အကြောင်း
.
လက်ရှိမှာ ငလျင်ဒဏ် ခံနေရပြီး ဆူနာမီအရေးပေါ် သတိပေးခံထားရတဲ့ General
Santos ဆိုတာ နာမည်ကျော် လက်ဝှေ့သမား ပက်ကွီအိုရဲ့ မွေးရပ်မြေမြို့ပါ။
ဖိလစ်ပိုင်ရဲ့ တောင်ပိုင်းဆိပ်ကမ်းမြို့ ဖြစ်ပြီး “တူနာငါးမြို့တော်” လို့ နာမည်ကြီးပါတယ်။
.
■ နောက်ဆက်တွဲငလျင်တွေ
ဆက်တိုက် လှုပ်နေ
.
ဖိလစ်ပိုင်
မီးတောင်နဲ့ ငလျင်စောင့်ကြည့်ရေးဌာနရဲ့ အဆိုအရ ဒီနေ့မနက် ၇ နာရီကျော်မှာ
လှုပ်ခတ်ခဲ့တဲ့ ငလျင်နောက်ပိုင်းမှာ အနည်းဆုံး ၁၆ ကြိမ် ထပ်လှုပ်ခဲ့ပြီး အင်အား ၁ ဒသမ ၃ ကနေ ၆ ဒသမ
၇ အထိ ရှိခဲ့တယ်လို့ သိရပါတယ်။ General Santos မြို့ အပါအဝင် ဖိလစ်ပိုင်ရဲ့ ဒေသအများအပြားမှာ ငလျင်ကြောင့် အဆောက်အအုံ ပြိုကျမှုတွေ
ဖြစ်ခဲ့ပြီး အနည်းဆုံး လူ ၅ ဦး သေဆုံးထားခဲ့ပြီလို့ သတင်းတွေ တက်နေပါတယ်။
.
Source – BBC
.
#KBZTai #Shan #Tsunami #International #Philippine

No comments:
Post a Comment