ကမ္ဘာ့ပထမဆုံး ထရီလီယံနာဖြစ်လာတဲ့ အီလွန်မက်စ် ပိုက်ဆံတွေ ဘယ်လိုသုံးမလဲ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Tuesday, June 16, 2026

ကမ္ဘာ့ပထမဆုံး ထရီလီယံနာဖြစ်လာတဲ့ အီလွန်မက်စ် ပိုက်ဆံတွေ ဘယ်လိုသုံးမလဲ

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၆ ရက်

.

အမေရိကန် စီးပွားရေးလုပ်ငန်းရှင် အီလွန်မက်စ် ကတော့ သူ့ရဲ့ SpaceX ကုမ္ပဏီရှယ်ယာတွေ စတော့ ဈေးကွက်မှာ စတင်ရောင်းချတဲ့နေ့မှာပဲ ရှယ်ယာဈေးတွေ ထိုးတက်သွားလို့ ကမ္ဘာ့ပထမဆုံး ထရီလီယံနာ ဘွဲ့ကို ပိုင်ဆိုင်သွားခဲ့ပါတယ်။

.


.

လျှပ်စစ်ကားကုမ္ပဏီဖြစ်တဲ့ တက်စလာ နဲ့ အာကာသခရီးသွားလုပ်ငန်း SpaceX တို့ကို တည်ထောင်သူ အီလွန်မက်စ်ရဲ့ပိုင်ဆိုင်မှုတန်ဖိုးက ဒေါ်လာ ၁.၁၁ ထရီလီယံအထိ ရှိလာခဲ့တယ်လို့ ဘလွန်းဘာ့မဂ္ဂဇင်းက ဖော်ပြထားတာပါ။

.

အီလွန်မက်စ် ပိုင်ဆိုင်တဲ့ SpaceX တစ်ခုတည်းရဲ့ တန်ဖိုးမှာတင် ဒေါ်လာ ၂ ဒသမ ၂ ထရီလီယံအထိ ရောက်ရှိ နေပြီး အမေရိကန်-အီရန် ငြိမ်းချမ်းရေးသဘောတူညီမှု ရပြီးတဲ့နောက်ပိုင်းမှာ ရှယ်ယာဈေးက ပိုပြီးမြင့်တက် လာခဲ့တာပါ။

.

ကုမ္ပဏီအနေနဲ့ ရှယ်ယာတစ်စုကို ၁၃၅ ဒေါ်လာနဲ့ရောင်းချမယ်လို့ သတ်မှတ်ထားခဲ့ပေမဲ့လည်း ဈေးကွက် ဖွင့်ချိန်မှာ ၁၅၀ ဒေါ်လာနဲ့ အရောင်းအဝယ် စတင်ဖြစ်ခဲ့ပြီး ခဏအတွင်းမှာပဲ ၁၇၆ ဒသမ ၅၀ ဒေါ်လာအထိ မြင့်တက်သွားခဲ့တာပါ။

.

ဒီလိုရောင်းချမှုတွေကတစ်ဆင့် အီလွန်မက်စ်က ဒေါ်လာ ၇၅ ဘီလီယံရခဲ့တာဖြစ်ပြီး ကုမ္ပဏီရဲ့ရှယ်ယာ ၄၂ ရာခိုင်နှုန်းကိုတော့ မက်စ်က ပိုင်ဆိုင်ထားဆဲပါ။

.

အီလွန်မက်စ်ရဲ့ ပိုင်ဆိုင်မှုတန်ဖိုးက ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တဲ့ ဆွစ်ဇာလန်ရဲ့ တစ်နှစ်စာ စီးပွားရေးထုတ်လုပ်မှု (GDP) နဲ့တောင် နီးစပ်လာတာမို့ မက်စ်ရဲ့ချမ်းသာမှုက စီးပွားရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးစရာတွေလည်း ဖြစ်လာခဲ့တာပါ။

.

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ပြန်လည်ရွေးကောက်ခံဖို့ လှုပ်ရှားမှုမှာ အီလွန်မက်စ်က ဒေါ်လာ သန်းရာချီ လှူဒါန်းခဲ့ပြီး ထရမ့်ရဲ့ခရီးစဉ်တွေမှာ အမြဲလိုက်ပါနိုင်သူ တစ်ယောက်လည်း ဖြစ်လာခဲ့ပါတယ်။ သူ့ကို ကမ္ဘာ့နိုင်ငံရေးမှာ ဩဇာရှိသူတစ်ယောက်အနေနဲ့ သတ်မှတ်ထားကြပေမဲ့ တချို့အချိန်တွေမှာ အငြင်းပွားစရာကိစ္စတွေ ထလုပ်တတ်တာကြောင့် စီးပွားရေးလုပ်ငန်းရဲ့ ဒေါ်နယ်ထရမ့်လို့ နာမည်ပြောင် ပေးထားတဲ့သူတွေတောင် ရှိကြတာပါ။

.

အီလွန်မက်စ်ရဲ့ပိုင်ဆိုင်မှု ဖြစ်လာတဲ့ ထရီလီယံနာ ဆိုတာက သုညတွေကို စိတ်ကူးနဲ့ တွက်ကြည့်လို့တောင် မရတဲ့အနေအထားဖြစ်ပြီး ဘီလီယံ တစ်ထောင်ကို ရည်ညွှန်းတာပါ။ သုည ၁၂ လုံးပါတဲ့ ထရီလီယံ ဆိုတဲ့ ငွေပမာဏကို ပိုင်ဆိုင်နေမယ်ဆိုရင် တစ်နေ့ကို ဒေါ်လာ ၁ သန်း ထိုင်သုံးပစ်နေမယ်ဆိုရင်တောင် ၁ ထရီလီယံ ကုန်သွားဖို့အတွက် နှစ်ပေါင်း ၂၇၀၀ လောက် သုံးပေးရမှာပါ။

.

ဒီပမာဏ က ကမ္ဘာပေါ်က လူသားအားလုံး သန့်ရှင်းတဲ့သောက်သုံးရေရဖို့ အနှစ် ၂၀ ကြာ ထောက်ပံ့ပေး နိုင်တဲ့ ပမာဏဖြစ်ပြီး စစ်ပွဲဒဏ်ခံနေရတဲ့ ဂါဇာကမ်းမြောင်ဒေသကို ၁၄ ကြိမ်တိုင် ပြန်လည်တည်ဆောက် နိုင်မယ့် ငွေပမာဏ လို့ စီးပွားရေးမဂ္ဂဇင်းတွေက သုံးသပ်ပြနေကြပါတယ်။

.

Source – BBC

.

No comments:

Post a Comment

Pages