သက်တမ်းအလိုက်ပြိုင်ပွဲများ၌ အောင်မြင်မှုရရန် ရှမ်းပြည်နယ်ဘောလုံးအဖွဲ့ချုပ် စည်းဝေး - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Tuesday, June 16, 2026

သက်တမ်းအလိုက်ပြိုင်ပွဲများ၌ အောင်မြင်မှုရရန် ရှမ်းပြည်နယ်ဘောလုံးအဖွဲ့ချုပ် စည်းဝေး


၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၆ ရက်

.
၂၀၂၆ ခုနှစ်လက်ကျန် ၆ လအတွင်း ပြည်နယ်ဘောလုံးအားကစား တိုးတက်ရေးနှင့် သက်တမ်းအလိုက် ပြည်နယ်နှင့်တိုင်း ဘောလုံးနှင့် ဖူဆယ်ပြိုင်ပွဲများတွင် အောင်မြင်မှု ရရှိနိုင်စေရေးအတွက် ရည်ရွယ်ပြီး ပေါင်းစပ် ညှိနှိုင်းအစည်းအဝေးကို တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်ဘောလုံးအဖွဲ့ချုပ်ရုံးတွင် ယမန်နေ့ ဇွန်လ ၁၅ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က လက်ရှိ ကျင်းပနေသော ဇုန်အလိုက် အသက် (၁၅)နှစ်အောက် ဘောလုံး ပြိုင်ပွဲများတွင် ရှမ်းပြည်နယ် ယူ-၁၅ အသင်းအနေဖြင့် အောင်ပွဲ ရရန်အပြင် လာမည့် အောက်တိုဘာလ အတွင်း ပြုလုပ်မည့် အမျိုးသမီးယူ-၁၉ ပြည်နယ်နဲ့တိုင်း ပြိုင်ပွဲတွင်လည်း ရှမ်းပြည်နယ် အမျိုးသမီးအသင်းအနေဖြင့် အောင်မြင်မှု ရရှိရန် ပြည်နယ်ဘောလုံးအဖွဲ့ချုပ်က ပြင်ဆင်နေလျက် ရှိသည်ဟု သိရသည်။

.



ရှမ်းပြည်နယ်မှာ လုပ်မယ့် သက်တမ်းလိုက်ပြိုင်ပွဲတွေမှာ အောင်မြင်မှု ရဖို့ ပြည်နယ်အဖွဲ့ချုပ် ဥက္ကဌက အမှာ စကားပြောပြီး ကြိုတင်ညှိနှိုင်းစွမ်းဆောင်တဲ့ သဘောပေါ့။ အခုဆိုရင် MFF ယူ-၁၅ လိဂ်မှာ ရှမ်းပြည်နယ်အနေနဲ့ ပါမယ်၊ ပြီးတော့ အောက်တိုဘာလမှာ အမျိုးသမီး ယူ-၁၉ ပြည်နယ်နဲ့ တိုင်းပွဲလည်း ရှိမယ်၊ ပြီးတော့ ယူ-၁၉ ပွဲပြီးသွားရင် အမျိုးသမီး ယူ-၂၅၊ အမျိုးသား ယူ-၂၂ ပွဲတွေလည်း ရှိဦးမှာမို့ အဲဒီပြိုင်ပွဲတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတာပါ” ဟု ရှမ်းပြည်နယ်ဘောလုံးအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ကိုမင်းကို က ပြောသည်။

.
ပြည်နယ်နဲ့တိုင်းဒေသကြီး အမျိုးသမီးယူ-၁၉ ဘောလုံးပြိုင်ပွဲအား ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် နောက်ဆုံးကျင်းပခဲ့ခြင်း ဖြစ်ပြီး ရှမ်းပြည်နယ်က အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့ခြင်း ဖြစ်သည်။

.

#KBZTai #Sports #Shan #Football

No comments:

Post a Comment

Pages