အထူးဒေသ (၄) မိုင်းလားက ငြိမ်းချမ်းရေး (၃၇) နှစ်မြောက် အထိမ်းအမှတ်အဖြစ် အကျဉ်းသား ၃၅၀ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပြု - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Monday, June 15, 2026

အထူးဒေသ (၄) မိုင်းလားက ငြိမ်းချမ်းရေး (၃၇) နှစ်မြောက် အထိမ်းအမှတ်အဖြစ် အကျဉ်းသား ၃၅၀ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပြု

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄) မိုင်းလားဒေသက ငြိမ်းချမ်းရေး (၃၇) နှစ်မြောက် အထိမ်းအမှတ် နေ့ကို ဂုဏ်ပြုသောအားဖြင့် အကျဉ်းသား ၃၅၀ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပြုကြောင်း ယနေ့ ဇွန်လ ၁၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်ဟု သိရသည်။

.

.

ငြိမ်းချမ်းရေး (၃၇) နှစ်မြောက် အထိမ်းအမှတ်နေ့ကို ဂုဏ်ပြုသောအားဖြင့် လည်းကောင်း၊ တရားဥပဒေအရ ဒေသကို စီမံအုပ်ချုပ်ပြီး လူသားချင်းစာနာ ထောက်ထားမှုအရ သော်လည်းကောင်း၊ အထူးဒေသ(၄) ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်နှင့်အညီ အထူးဒေသ(၄) ရဲတပ်ဖွဲ့က ထိန်းသိမ်းထားသောသူများနှင့် တရား စီရင်ချက်ချပြီး ပြစ်ဒဏ်ကျခံနေသူများအနက် စည်းကမ်းလိုက်နာပြီး ပြင်ဆင်လိုစိတ်ရှိသော လွှတ်သင့် လွှတ်ထိုက်သူ ၃၅ဝ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ကြောင်း အထူးဒေသ (၄) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

မိုင်းလားအထူးဒေသ (၄) သည် ဗမာပြည်ကွန်မြူနစ်ပါတီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်အဖြစ်မှ ၁၉၈၉ ခုနှစ် တွင် နဝတ အစိုးရနှင့် ငြိမ်းချမ်းရေးရယူခဲ့ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းလားမြို့တွင် အခြေစိုက်၍ ဒေသဖွံ့ဖြိုးရေး၊ မူးယစ်ဆေးဝါး ကင်းစင်ရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသော အဖွဲ့တစ်ခုဖြစ်ကြောင်း သိရသည်။

.

Source - Mongla SR4 News Agency

.

ဓါတ်ပုံ - မိုင်းလားတွင် ပြုလုပ်သည့် ငြိမ်းချမ်းရေးနှစ် ၃၀ ပြည့် အခမ်းအနား

.

No comments:

Post a Comment

Pages