လားရှိုးသူနာပြုသင်တန်းကျောင်းက သင်တန်းသား/သူ ၅၈ ဦးတို့ကို ဂျူတီကုတ်နှင့် ဦးဆောင်းများ အပ်နှင်း - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Monday, June 15, 2026

လားရှိုးသူနာပြုသင်တန်းကျောင်းက သင်တန်းသား/သူ ၅၈ ဦးတို့ကို ဂျူတီကုတ်နှင့် ဦးဆောင်းများ အပ်နှင်း

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်

.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ သူနာပြုသားဖွား သင်တန်းကျောင်းတွင် ယနေ့ ဇွန်လ ၁၅ ရက်၊ နံနက်ပိုင်းက ပထမနှစ် သူနာပြု-သားဖွား သင်တန်းသား/သင်တန်းသူ ၅၈ ဦးတို့အား ဂျူတီကုတ်နှင့် ဦးဆောင်း အပ်နှင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

.

အခမ်းအနားတွင် ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်း/မြောက်) ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ထွန်းညွန့်ဦးတို့က အမှာစကားများ ပြောကြား ခဲ့ကြောင်း သိရသည်။

.

ထို့နောက် သူနာပြုသင်တန်းကျောင်း၊ လားရှိုးမှ ကျောင်းအုပ် (စီမံ) ဒေါ်နန်းခမ်းနွမ်းယု က သင်တန်းသား/သူ များအား ဆက်လက်၍ စာတွေ့ရော လက်တွေ့ပါ တတ်စွမ်းသရွေ့ လေ့လာသင်ယူကြစေလိုကြောင်း၊ မိမိ တို့၏ လက်တွင် အသက်များစွာရှိသည်ကို သတိပြုရန်နှင့် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသရွေ့ ကြိုးစားသင်ယူ ကြရင်း မိမိတို့၏ ရည်မှန်းချက် ပန်းတိုင်ဖြစ်သည့် အရည်အသွေးပြည့်ဝ သော သူနာပြု-သားဖွားကောင်းများ ဖြစ်လာစေရန် ကြိုစားအားထုတ်ကြစေလိုကြောင်း အမှာစကား ပြောကြားခဲ့သည်။

.

ဆက်လက်ပြီး သူနာပြု-သားဖွားဒီပလိုမာ (၃) နှစ်သင်တန်း၊ အပတ်စဉ် (၃၄) သစ်လွင် သင်တန်းသား/ သင်တန်းသူ ၅၈ ဦးတို့အား ဂျူတီကုတ်နှင့် ဦးဆောင်းများ အပ်နှင်းပြီး သူနာပြုသစ္စာအဓိဌာန် ရွတ်ဆိုကာ ထူးချွန် သစ်လွင် သင်တန်းသား/သူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

.

အဆိုပါ သူနာပြု-သားဖွားဒီပလိုမာ (၃) နှစ်သင်တန်း၊ အပတ်စဉ် (၃၄) သင်တန်းသို့ သင်တန်းသား ၄ ဦး၊ သင်တန်းသူ ၅၄ ဦး၊ စုစုပေါင်း ၅၈ ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Pages