အသက် ကြီးပေမယ့် မပျက်စီးသေးတဲ့ ဂျနီဖာလိုပက်ဇ်ရဲ့ ရုံးတွင်းအချစ်ဇာတ်လမ်း ရုပ်ရှင်သစ် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Sunday, June 7, 2026

အသက် ကြီးပေမယ့် မပျက်စီးသေးတဲ့ ဂျနီဖာလိုပက်ဇ်ရဲ့ ရုံးတွင်းအချစ်ဇာတ်လမ်း ရုပ်ရှင်သစ်



အသက် ၅၆ နှစ် ရှိပြီဖြစ်ပေမယ့် နုပျိုနေဆဲဖြစ်တဲ့ အန်တီမမကြီး ဂျနီဖာလိုပက်ဇ်ရဲ့ ၂၀၂၆ ရုပ်ရှင်အသစ်လေး ထွက်လာပါပြီ။ ဇာတ်လမ်းက ရုံးတွင်းအချစ်ဇာတ်လမ်း ဖြစ်ပြီး ဇာတ်ကားနာမည်ကိုက Office Romance မို့ ထွေထွေထူးထူး စဉ်းစားနေစရာ မလိုတော့ပါဘူး။
.
ဂျနီဖာလိုပက်ဇ်နဲ့ တွဲပြီး သရုပ်ဆောင်မယ့်သူက Ted Lasso ဇာတ်လမ်းတွဲထဲက စိတ်ကြီးလွန်းတဲ့ အသင်းခေါင်းဆောင် ဘရက်ဂိုးစတိန်း ပါပဲ။
.
ဒီဇာတ်ကားမှာတော့ ဂျက်ကီ ဆိုတဲ့ ဂျနီဖာလိုပက်ဇ်က လေကြောင်းလိုင်း ကုမ္ပဏီတစ်ခုရဲ့ CEO ပါ။ သူက အလုပ်ကို အရမ်းအာရုံ စိုက်သူဖြစ်ပြီး သူ့ကုမ္ပဏီထဲမှာ ဝန်ထမ်းတွေ ရည်းစား မထားရဘူးဆိုတဲ့ စည်းကမ်းကို ချမှတ်ထားတဲ့သူပါ။

.
တစ်နေ့မှာတော့ ကုမ္ပဏီကို ဒင်နီယယ်(ဂိုးစတိန်း) လို့ခေါ်တဲ့ ရှေ့နေအသစ် ရောက်လာပါလေရော။ ဒင်နီယယ်က အလုပ်မှာလည်း တော်သလို ဆွဲဆောင်မှုလည်း အရမ်းတွေ ရှိနေလေတော့ ဂျက်ကီ တစ်ယောက် သူ ချမှတ်ထားတဲ့ စည်းကမ်းတွေကို သူ ပြန်ချိုးဖောက်ဖို့ ဖြစ်လာခဲ့တာပါ။ ရုံးမှာ တခြားသူတွေ မရိပ်မိဖို့ ခိုးကြောင် ခိုးဝှက် တွဲရတဲ့ အလွဲတွေ၊ အချစ်ရေးနဲ့ အလုပ်အကိုင်ကြားက ရုန်းကန်ရမှုတွေနဲ့ ပေါ့ပေါ့ပါးပါးလေး ကြည့်ရမယ့် ဇာတ်ကားမျိုးပါပဲ။
.
ဒီကားက ၂၀၂၆ ဇွန်လ ၅ ရက်မှာ နက်ဖလစ်ကနေ ထုတ်လွှင့်ခဲ့တာ ဖြစ်ပြီး လက်ရှိမှာတော့ ရုပ်ရှင်ကား ချန်နယ်တွေထဲမှာ မြန်မာပရိသတ်တွေလည်း ကြည့်ရှုလို့ ရနေပြီ ဖြစ်ပါတယ်။

.
Source – IDMB
.

#KBZTai #Shan #Movie #JLO #Entertainment


No comments:

Post a Comment

Pages