.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၇ ရက်
.
တောင်ကိုရီးယားရဲ့ ဂီတလောကမှာ အယ်လီ
ဆိုတဲ့နာမည်နဲ့ လူသိများတဲ့ သရုပ်ဆောင်၊ အဆိုတော် ဆိုအင်ယောင်းက ဒုတိယအကြိမ်
အိမ်ထောင်ပြုဖို့ စဉ်းစားနေတဲ့အကြောင်း ဖွင့်ဟလိုက်ပါတယ်။
.
.ဆိုအင်ယောင်းရဲ့ ကိုယ်စားလှယ်တစ်ယောက်က
အင်ယောင်းဟာ အနုပညာကုမ္ပဏီတစ်ခုရဲ့ CEO ဖြစ်တဲ့
ချွဲဂျီဟွန်းနဲ့ စေ့စပ်ထားပြီဖြစ်တဲ့အကြောင်း ကြေညာခဲ့ပြီး ဂျိဟွန်းက
ဆိုအင်ယောင်းထက် အသက် ၆ နှစ် ကြီးတဲ့ စီနီယာ ဖြစ်တယ်လို့ သိရပါတယ်။
.
လက်ရှိမှာ အသက် ၄၀ ရှိပြီဖြစ်တဲ့ ဆိုအင်ယောင်း
ဟာ ၂၀၂၆ ခုနှစ် ၊ ဒုတိယနှစ်ဝက်ထဲမှာ မင်္ဂလာပွဲ ဆင်နွှဲသွားဖို့ ရှိနေပြီး
လက်ထပ်ဖို့ စီစဉ်ထားတယ်လို့ ကိုယ်စားလှယ်ဖြစ်သူက ပြောထားတာပါ။
.
ဆိုအင်ယောင်း ဟာ ၂၀၂၃ ခုနှစ်မှာ
နာမည်ကြီးမဟုတ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးနဲ့ လက်ထပ်ခဲ့ဖူးပြီး အိမ်ထောင်သက်
တစ်နှစ်အကြာ ၂၀၂၄ ခုနှစ်မှာ ကွာရှင်းခဲ့ကြတာဖြစ်ပါတယ်။
.
ဆိုအင်ယောင်းက ပြီးခဲ့တဲ့ ရက်ပိုင်းထဲမှာပဲ
သူမနဲ့စေ့စပ်ထားသူနဲ့ပတ်သက်ပြီး ပထမဆုံးတွေ့ဆုံခဲ့ပုံကို ပြောပြထားဖူးတာပါ။
.
“သူက ကျွန်မကြိုက်တဲ့ပုံစံမျိုးမဟုတ်ခဲ့ပါဘူး။
ဒါပေမဲ့ တစ်ရက်မှာ သူငယ်ချင်း ၄ ယောက် ၅ ယောက်နဲ့အတူ ရှိနေရင်း သူ့ကို
အခုလာတွေ့လို့ရမလား လို့ မေးလိုက်မိတယ်။ အဲဒီလိုနေရာမျိုးကို လာဖို့ဆိုတာ တကယ် မလွယ်ဘူးလေ။
သူနဲ့ကျွန်မက နောက်နေ့မှာ တွေ့ကြဖို့ ချိန်းထားကြတာ။ ဒါပေမဲ့ သူ ရောက်လာခဲ့တယ်။
အခန်းထဲကို ဝင်လာတဲ့အချိန်မှာ ပြုံးပြီး အကြည့်မလွှဲခဲ့ဘူး။ အဲဒီအချက်ကို
သဘောကျလို့ သူနဲ့တွဲဖြစ် သွားတာပါ” လို့ ဆိုအင်ယောင်းက ယူကျု့ချန်နယ်မှာ
ပြောခဲ့ဖူးပါတယ်။
.
ဆိုအင်ယောင်းက လက်ရှိမှာ အသက် ၄၁
နှစ်အရွယ်ရှိပြီဖြစ်ပြီး အနုပညာလှုပ်ရှားမှု များစွာမှာ ပါဝင်နေသူတစ်ယောက်လည်း
ဖြစ်ပါတယ်။
.
Source – KoreaBoo
.

No comments:
Post a Comment