ဒီဇယ်၊ သဘာဝဓာတ်ငွေ့ရည်နှင့် ဓာတ်မြေဩဇာ တင်သွင်းမှုအပေါ် အခွန်ကင်းလွတ်ခွင့် တစ်လ ထပ်တိုး - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Monday, June 15, 2026

ဒီဇယ်၊ သဘာဝဓာတ်ငွေ့ရည်နှင့် ဓာတ်မြေဩဇာ တင်သွင်းမှုအပေါ် အခွန်ကင်းလွတ်ခွင့် တစ်လ ထပ်တိုး

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်

.

ဒီဇယ်ဆီ၊ သဘာဝဓာတ်ငွေ့ရည် (LNG) နှင့် ဓာတ်မြေဩဇာ တင်သွင်းမှုအပေါ် အခွန်ကင်းလွတ်ခွင့်ကို ဇွန်လကုန်အထိ တစ်လ ထပ်မံတိုးမြှင့်ခွင့်ပြုကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ထုတ်ပြန် ကြေညာထားသည်။

.

.

အ‌ရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခကြောင့် စက်သုံးဆီဈေးနှုန်းများ မြင့်တက်နေမှုကြောင့် ဒီဇယ်ဆီ အသုံးပြု မောင်းနှင်ရသည့် ယာဉ်များဖြင့် သယ်ဆောင်အသုံးပြုလျက်ရှိသည့် အခြေခံစားသောက်ကုန်၊ ကုန်စည် ဈေးနှုန်းများ ထိန်းညှိပေးနိုင်ရန်အတွက် ယင်းကဲ့သို့ အခွန်ကင်းလွတ်ခွင့် ပြုခြင်းဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

ဒီဇယ်ဆီ တင်သွင်းမှုအပေါ် ကောက်ခံသည့် အကောက်ခွန်၊ အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို မူလက ဧပြီလ ၁ ရက်မှ မေလ ၃၁ ရက်အထိ ကင်းလွတ်ခွင့် ပြုထား ပြီးဖြစ်ရာ ယခု ဇွန်လကုန်အထိ တစ်လ ထပ်မံတိုးမြှင့် ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။

.

ထို့အပြင် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နိုင်စေရေးနှင့် တောင်သူလယ်သမားများ၏ ကုန်ထုတ်လုပ်မှုစရိတ်တွေ လျော့ကျစေရေးအတွက် ဓာတ်မြေဩဇာအပေါ် အခွန်ကင်းလွတ်ခွင့်ပြုသည့် ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကိုလည်း ဇွန်လကုန်အထိ တိုးမြှင့်ခွင့်ပြုပေးထားကြောင်း သိရသည်။

.

အလားတူ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို အားပေးမြှင့်တင်နိုင်ရေးနှင့် ဓာတ်အားခ နှုန်းထားများ သက်သာ စေရေးတို့အတွက် သဘာဝဓာတ်ငွေ့ရည် (LNG) အပေါ် ကောက်ခံသည့် အကောက်ခွန်၊ ကုန်သွယ် လုပ်ငန်းခွန် နှင့် ကြိုတင်ဝင်ငွေခွန် ကင်းလွတ်ခွင့်ပြုခြင်းကိုလည်း ဇွန်လကုန်အထိ တိုးမြှင့်ပေးထား သည်ဟု သိရသည်။

.

အဆိုပါ အခွန်ကင်းလွတ်ခွင့်များသည် ဇွန်လ ၃၀ ရက်အထိ အကောက်ခွန်ဦးစီးဌာန၌ Import Declaration (ID) ဖွင့်လှစ်၍ တင်သွင်းမှုများအပေါ် အကျုံးဝင်စေမည်ဖြစ်သည်ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

.

No comments:

Post a Comment

Pages