.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်
.
ဒီနေ့မနက်အစောပိုင်းမှာ ကစားခဲ့တဲ့
အိုင်ဗရီကို့စ်နဲ့ အီကွေဒေါ တို့ရဲ့ပွဲစဉ်မှာတော့ အိုင်ဗရီကို့စ်က မန်ယူကွင်းလယ်လူ
ဒီယယ်လိုရဲ့ ပွဲပြီးခါနီး သွင်းဂိုးနဲ့အတူ အဖိုးတန် ၃ မှတ်ကို ရရှိသွားခဲ့ပါတယ်။
.
.ဒီပွဲမှာ အိုင်ဗရီကို့စ်ရဲ့လူထုတ်ပုံက
မေးခွန်းထုတ်စရာဖြစ်နေခဲ့ပြီး ဒီယယ်လို၊ အေဒင်ဂရာ၊ ဂတ်ဆန်၊ ဆန်ဂရီ၊ အန်ဒစ်ကာ စတဲ့
ကြယ်ပွင့်ကစားသမားတွေကို အရန်ခုံ ပို့ထားခဲ့တာပါ။
.
အီကွေဒေါကတော့ ကိုင်ဆီဒို၊ ဟင်ကာပီ၊ ပါချို
တို့နဲ့ လူစုံခဲ့ပြီး တိုက်စစ်မှာ အန်နာဗလင်စီယာ ကို ထားပြီး ကစားခဲ့တာပါ။
.
ဒီပွဲအတွက် သုံးသပ်ထားခဲ့တဲ့အတိုင်းပဲ အီကွေဒေါက
သူတို့အားသန်တဲ့ ခံစစ်ကို ပိုအားပြုကစားသွားခဲ့ပြီး တိုက်စစ်ကတော့
စိတ်ပျက်ဖို့ကောင်းခဲ့ပါတယ်။ တစ်ပွဲလုံးမှာမှ ဂိုးပေါက်တစ်ကြိမ်ပဲ တည့်ခဲ့တဲ့
အီကွေဒေါ တိုက်စစ်က ၃ မှတ်ယူဖို့ မလုံလောက်ခဲ့တာကြောင့် ပွဲချိန် မိနစ် ၇၀
နောက်ပိုင်းမှာ သရေတစ်မှတ်ရဖို့ကိုပဲ ဦးတည်ကစားလာခဲ့တာပါ။
.
အိုင်ဗရီကို့စ်ကတော့ ပွဲချိန် ၅၀ ကျော်ကတည်းက
တိုက်စစ်ပိုင်းနဲ့ ကွင်းလယ်ကို အပြောင်းအလဲတွေ လုပ်ခဲ့ပြီး ပီပီ၊ ဝါဟီ၊ ဘာဇူမာနာ
တို့ရဲ့နေရာမှာ ဒီယယ်လို၊ ဆန်ဂရီ၊ ဘွန်နီ တို့ကို ထည့်ကစားခဲ့တာပါ။
.
ဒါပေမဲ့ အီကွေဒေါခံစစ်က မာကျောနေသလို ဂိုးသမား
ဂါလင်ဒက် ကလည်း လက်စွမ်းပြနေတာကြောင့် အိုင်ဗရီကို့စ်တို့ ဂိုးရဖို့ ခက်နေခဲ့ပြီး
ပွဲချိန် ၈၉ မှာမှ ညာတောင်ပံကနေ ထိုးပေးလိုက်တဲ့ဘောလုံးကို ဒီယယ်လို က
ဂိုးဧရိယာထဲမှာ အပိုင်ကန်သွင်းပြီး ဂိုးအဖြစ် ပြောင်းနိုင်ခဲ့တာပါ။
.
ဒီဂိုးက အိုင်ဗရီကို့စ် ကို ၃ မှတ်ရဖို့
လုံလောက်သွားခဲ့ပြီး အုပ်စုရပ်တည်မှုမှာ ဂျာမနီနဲ့အမှတ်တူ၊ ဒုတိယနေရာကို
ရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။
.

No comments:
Post a Comment