ပါရာဂွေးကို လျှော့တွက်မိလို့ စောစောအိမ်ပြန်နားလိုက်ရပြီဖြစ်တဲ့ ဂျာမနီ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Tuesday, June 30, 2026

ပါရာဂွေးကို လျှော့တွက်မိလို့ စောစောအိမ်ပြန်နားလိုက်ရပြီဖြစ်တဲ့ ဂျာမနီ

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၃၀ ရက်

.

၂၀၂၆ ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲဖို့ ရေပန်းစားတဲ့အသင်းထဲ ပါခဲ့တဲ့ ဂျာမနီကတော့ ပါရာဂွေးကို အထင်သေးမိလို့ ၃၂ သင်းအဆင့်ကနေပဲ အိမ်ပြန်သွားခဲ့ရပါပြီ။ ဂျာမနီရဲ့ခြေစွမ်းနဲ့ ပါရာဂွေးရဲ့ခြေစွမ်းက အကွာကြီး ဆိုပေမဲ့လည်း ပါရာဂွေးဂိုးသမား မှော်ထ နေခဲ့သလို၊ ပွဲအစကတည်းက လူစုံမထုတ်ဘဲ ဆရာကြီးဂိုက် ဖမ်းနေတဲ့ နည်းပြကြောင့် ဂျာမနီတွေ စောစောစီးစီး ပြုတ်သွားခဲ့ရတာလည်း ဖြစ်ပါတယ်။

.

.

ဂျာမနီရဲ့ပွဲထွက်လူစာရင်းမှာ မူဆီယယ်လာ ကိုချန်ပြီး အန်ဒက်ဗ်နဲ့ ပွဲထွက်ခဲ့တဲ့ ဂျာမနီရဲ့ ကစားပုံက ပထမပိုင်းမှာ လိုအပ်ချက်တွေ အများကြီးရှိခဲ့ပြီး ပါရာဂွေးကို ဖိအားပေးနိုင်ဖို့ ရုန်းကန်ခဲ့ရတာပါ။

.

ပါရာဂွေးကတော့ အန်ဆီယို၊ အယ်လ်မီရွန်တို့ရဲ့ တန်ပြန်တိုက်စစ်တွေကို အားပြုကစားခဲ့ပြီး တောင်ပံတွေ ကနေ ဖြတ်တင်ဘောတွေနဲ့ ကစားနေခဲ့တာပါ။

.

ပွဲချိန် ၄၂ မိနစ်မှာ ပါရာဂွေးအသင်း အဖွင့်ဂိုး ရသွားခဲ့ပြီး ညာခြမ်းက ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို အန်ဆီယိုက ဂိုးဧရိယာထဲမှာ အပိုင်ခေါင်းတိုက်သွားခဲ့တာပါ။

.

ဒုတိယပိုင်းပွဲအစမှာတင်ပဲ မီချာရဲ့ ကွင်းလယ်နေရာမှာ ဂိုရက်ဇ်ကာ ကို ထည့်ကစားခဲ့ပြီး ဂျာမနီ ကွင်းလယ် က အပြောင်းအလဲ ဖြစ်လာခဲ့ပါတယ်။

.

ပွဲချိန် ၅၄ မိနစ်မှာတော့ ဗစ်ဇ်ရဲ့ ဖြတ်တင်ဘော ကတစ်ဆင့် ကိုင်ဟာဗက်ဇ်က နောက်ပြန်ကြီး ခေါင်းတိုက်ပြီး ဂျာမနီအတွက် ချေပဂိုးယူပေးခဲ့တာပါ။

.

ပွဲချိန် ၆၃ မှာ မူဆီယယ်လာ ဝင်လာခဲ့ပေမဲ့ ဂျာမနီတိုက်စစ်က ထင်သလောက် မတက်လာခဲ့ဘဲ ခံစစ်ကို အခိုင်အမာ ပိတ်ဆို့ထားတဲ့ ပါရာဂွေးဘက်ကို ကန်သွင်းခွင့် အနည်းငယ်သာ ပြုလုပ်ခဲ့တာပါ။

.

ပါရာဂွေးအသင်းရဲ့ ဂိုးသမား အော်လန်ဒို ဂီးလ်က ဒီပွဲမှာ ရသွားတဲ့ အကောင်းဆုံး ကစားသမားဆုနဲ့ ထိုက်တန်တဲ့ လက်စွမ်းကို ပြသခဲ့ပြီး ပွဲချိန် ၇၈ မိနစ်မှာ ကိုင်ဟာဗက်ဇ်ရဲ့ ခေါင်းတိုက်ဂိုးကို တားပေးခဲ့တဲ့ အပြင် ဂျာမနီရဲ့ ဂိုးဖြစ်လာနိုင်တဲ့ အခွင့်အရေးတွေကို တားဆီးပေးခဲ့တာပါ။

.

ပွဲချိန် ၉၂ မိနစ်မှာလည်း ဂျာမနီနောက်ခံလူ ဂျိုနသန်တာ့ ရဲ့ခေါင်းတိုက်ချက်ကို ဂီးလ်ကပဲ ကာကွယ်ပေးခဲ့လို့ နှစ်သင်းစလုံးအချိန်ပို ဆက်ကစားဖို့ ဖြစ်လာခဲ့ရပါတယ်။

.

ပွဲချိန် ၁၀၂ မိနစ်မှာ ထောင့်ကန်ဘော ကနေတစ်ဆင့် ဂျိုနသန်တာ့ ခေါင်းတိုက်ဂိုးသွင်းခဲ့ပေမဲ့ အဲဒီ မတိုင်ခင်မှာ ဂိုးသမားရဲ့လမ်းကြောင်းကို ဂျာမနီကစားသမား အန်တွန် ပိတ်ထားတယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ VAR ကြည့်ပြီး ဂိုးပယ်ဖျက် ခံခဲ့ရပါတယ်။

.

အဲဒီနောက် ကိုင်ဟာဗက်ဇ်ရဲ့ခေါင်းတိုက်ချက်၊ ကင်မစ်ရဲ့ဂိုးဝင်မလိုဖြစ်ခဲ့တဲ့ ထောင့်ကန်ဘောတွေကို ပါရာဂွေးဂိုးသမား ကာကွယ်ခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်အထိ ရောက်သွားခဲ့ကြတာပါ။

.

ပင်နယ်တီကန်သွင်းမှုတွေမှာတော့ ဝေါ်တာမာဒီနဲ့ ဂျိုနသန်တာ့ တို့ရဲ့ကန်သွင်းမှုတွေ လွဲခဲ့ကြလို့ ပွဲအပြီးမှာ ဂျာမနီတို့ ၃၂ သင်းအဆင့်ကနေ ထွက်လိုက်ရတာပဲ ဖြစ်ပါတယ်။

.

No comments:

Post a Comment

Pages