ဖမ်းဆီးထားသည့် စစ်သုံ့ပန်း ၂၀၀ နီးပါးကို MNDAA ပြန်လွှတ်ပေး - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Monday, June 15, 2026

ဖမ်းဆီးထားသည့် စစ်သုံ့ပန်း ၂၀၀ နီးပါးကို MNDAA ပြန်လွှတ်ပေး

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်

.

ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (MNDAA) က ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲများအတွင်း ဖမ်းဆီးထားသည့် စစ်သုံ့ပန်း ၂၀၀ နီးပါးကို ယနေ့ ဇွန်လ ၁၅ ရက်တွင် ပြန်လွှတ်ပေးလိုက်ကြောင်း ပြန်လွတ်လာသူများ၏ မိသားစုဝင် များထံမှ သိရသည်။

.

.

ပြန်လွတ်လာသူများသည် ယနေ့ နေ့လယ်ပိုင်းတွင် မော်တော်ယာဉ် ၃ စီးဖြင့် လားရှိုးမြို့အတွင်းသို့ ရောက်ရှိလာကြောင်း ဒေသခံများက ပြောသည်။

.

“ရေပူဘက်ကနေ လွှဲလာတာလို့ ပြောတယ်။ စုစုပေါင်း ၁၈၀ ဝန်းကျင် လောက်ရှိတယ်။ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) ထဲကို ခေါ်သွားတယ်။ လူကြီးတွေနဲ့ အရင် တွေ့ပြီးမှ မိသားစုဝင်တွေနဲ့ ပေးတွေ့မယ်လို့ ပြောတယ်” ဟု ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့သူတစ်ဦးက ပြောသည်။

.

MNDAA အနေဖြင့် ယခင်က ကျန်းမာရေးမကောင်းသူများနှင့် အသက်ကြီး သူများကိုသာ အဓိကထား လွှတ်ပေးလေ့ရှိသော်လည်း ယခုတစ်ကြိမ် လွတ်မြောက်လာသူများထဲတွင် အသက်ငယ်ရွယ်သူများလည်း ပါဝင်လာကြောင်း သိရသည်။

.

“အရင်က အသက်ကြီးတဲ့သူတွေကိုပဲ လွှတ်တာများတယ်။ အခုက အသက် ငယ်တဲ့သူတွေလည်း ပါတယ် လို့ပြောတယ်” ဟု အခြား လားရှိုးဒေသခံတစ်ဦးကလည်း ပြောဆိုခဲ့သည်။

.

ပြန်လွတ်လာသူများတွင် ကျန်းမာရေးမကောင်းသူ အများအပြား ပါဝင်သဖြင့် စစ်ဌာနချုပ်အတွင်း စစ်ဆေးမှုများ ပြုလုပ်ပြီးပါက စစ်ဆေးရုံသို့ ပို့ဆောင်ကု သလေ့ရှိကြောင်း လွတ်မြောက်လာဖူးသည့် စစ်သုံ့ပန်းဟောင်းအချို့ထံမှ သိရသည်။

.

MNDAA အနေဖြင့် တပ်မတော်နှင့် အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း စစ်သုံ့ပန်း များကို မကြာခဏ ပြန်လည်လွှတ်ပေးလျက်ရှိရာ ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းကလည်း စစ်သုံ့ပန်း ၇၀ နီးပါးကို ပြန်လွှတ် ပေးခဲ့ဖူးသည်။

.

ထိုသို့ ပြန်လည်လွှတ်ပေးမှုများ ရှိနေသော်လည်း ချင်းရွှေဟော်၊ လောက်ကိုင်၊ မုံးကိုးနှင့် ကွမ်လုံမြို့များတွင် ဖမ်းဆီးခံထားရသည့် စစ်သုံ့ပန်းများ ဆက်လက် ကျန်ရှိနေသေးသဖြင့် ၎င်းတို့အမြန်ဆုံး ပြန်လည် လွတ်မြောက်လာရန် မိသားစု ဝင်များက မျှော်လင့်နေကြကြောင်း သိရသည်။

.

Photo - The Kokang

.

No comments:

Post a Comment

Pages