.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၄ ရက်
.
ဒီနေ့မနက်ပိုင်း ကစားခဲ့တဲ့ ကမ္ဘာ့ဖလား အုပ်စု C
၊ ဟေတီနဲ့ စကော့တလန်အသင်းတို့ပွဲစဉ်မှာတော့ စကော့တလန်က ကွင်းလယ်လူ
မက်ဂင်းရဲ့ သွင်းဂိုး တစ်ဂိုးတည်းနဲ့ ကပ်နိုင်ပြီး အုပ်စုပထမနေရာကို
သိမ်းပိုက်သွားခဲ့ပါတယ်။
.
.တိုမီနေး၊ မက်ဂင်းတို့လို နာမည်ကျော်တွေနဲ့အတူ
ကွင်းလယ်ကို အားပြုကစားသွားတဲ့ စကော့တလန်ကြောင့် ဒီပွဲရဲ့ပထမပိုင်းက
ပျင်းစရာကြီးဖြစ်နေပြီး ဟေတီအပေါ် သိသိသာသာ အသာစီးရအောင် ကစားနိုင်ခြင်း မရှိခဲ့တာကိုလည်း
တွေ့ခဲ့ရပါတယ်။
.
ပွဲချိန် ပထမပိုင်းမှာ ဘယ်ဖက်ကမှ ထောင့်ကန်ဘော မရခဲ့တဲ့အထိ
တောင်ပံတိုက်စစ်တွေက ခြောက်ကပ် နေကြပြီး ဂိုးသွင်းခွင့်တွေလည်း မယ်မယ်ရရ
မရှိခဲ့ကြပါဘူး။ ဟေတီဖက်က ဂိုးပေါက်တည့်မှု တစ်ကြိမ်သာ ရှိခဲ့ပြီး စကော့တလန်ဖက်က
ဂိုးပေါက်တည့်မှု ၂ ကြိမ်နဲ့ ပထမပိုင်းကို အဆုံးသတ်ခဲ့ကြရတာပါ။
.
ဒုတိယပိုင်းမှာတော့ ပွဲက ပိုသွက်လာခဲ့ပြီး ဟေတီက
တိုက်စစ်ကစားလာတာမို့ စကော့တလန်က ခံစစ်ကို ပိုပြီး အားပြုခဲ့ရပါတယ်။ ကမ္ဘာ့ဖလားနဲ့
နှစ်ပေါင်း ၅၀ ကျော်လောက် ဝေးကွာနေတဲ့အသင်းလေးက စကော့တလန်အပေါ်
ဘောလုံးပိုင်ဆိုင်မှုအသာ၊ ဂိုးကန်သွင်းခွင့် အသာနဲ့ ဒုတိယပိုင်းမှာ ကစားသွားတာကို
မြင်ခဲ့ရပြီး ပွဲက ကြည့်ကောင်းလာခဲ့တာပါ။
.
ဟေတီက တိုက်စစ်ဆင်ကစားနေပေမဲ့လည်း
သိပ်ပြီးအလုပ်မဖြစ်တာမို့ စကော့တလန်ဂိုးသမား အန်ဂက်စ် ဂန်းက တစ်ပွဲလုံးမှာ ၂
ကြိမ်ပဲ ကာကွယ်ခဲ့ရပြီး ဟေတီအသင်းရခဲ့တဲ့ ဂိုးကန်သွင်းခွင့် ၁၅ ကြိမ်မှာ ၂ ကြိမ်ပဲ
ဂိုးပေါက်တည့်ခဲ့ရတာပါ။
.
ဟေတီရဲ့အဓိက တိုက်စစ်မှူးဖြစ်တဲ့
ဆန်းဒါးလန်းတိုက်စစ်မှုး အီဆီဒေါ တစ်ယောက် ဘယ်လိုမှ အလုပ်မဖြစ် တော့လို့
လူစားလဲလိုက်ရတဲ့အထိကို ဟေတီရဲ့ တိုက်စစ်စွမ်းဆောင်ရည် ဆိုးရွားနေတာကိုလည်း
တွေ့ခဲ့ရ ပါတယ်။
.
စကော့တလန်ကလည်း ပွဲချိန် ၇၅ မိနစ်ကစလို့
တိုက်စစ်၊ကွင်းလယ်နေရာတွေ လူစားလဲပြီး ဟေတီကို ပြန်ဖိအားပေးဖို့ ကြိုးစားခဲ့ပေမဲ့
ဂိုးကန်သွင်းခွင့်တွေ မယ်မယ်ရရ မရှိခဲ့သလို၊ ဘောလုံးအပျက် များနေတာ ကြောင့်
ပထမပိုင်းတုန်းက ရထားတဲ့ တစ်ဂိုးနဲ့ပဲ နိုင်သွားခဲ့ရတာပါ။
.
ဒီခြေစွမ်းအတိုင်းဆိုရင်တော့ စကော့တလန်က
လာမယ့်ပွဲတွေမှာ ဘရာဇီး၊ မော်ရိုကို တို့ကို ယှဉ်နိုင်ဖို့ ခက်မှာဖြစ်ပြီး
လက်ရှိအချိန်မှာတော့ ရမှတ် ၃ မှတ်နဲ့ အုပ်စုကို ဦးဆောင်ထားပါပြီ။
.

No comments:
Post a Comment