မက်ဆီရဲ့ Hat-Trick ဂိုးတွေနဲ့ အယ်လ်ဂျီးရီးယားကို ဂိုးပြတ်နိုင်ခဲ့တဲ့ အာဂျင်တီးနား - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Wednesday, June 17, 2026

မက်ဆီရဲ့ Hat-Trick ဂိုးတွေနဲ့ အယ်လ်ဂျီးရီးယားကို ဂိုးပြတ်နိုင်ခဲ့တဲ့ အာဂျင်တီးနား

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၇ ရက်

.

ဒီနေ့မနက်ပိုင်းမှာ ကစားခဲ့တဲ့ အာဂျင်တီးနားနဲ့ အယ်လ်ဂျီးရီးယားအသင်းတို့ရဲ့ ပွဲစဉ်မှာတော့ အသင်း ခေါင်းဆောင် မက်ဆီရဲ့ Hat Trick သွင်းဂိုးတွေနဲ့အတူ အာဂျင်တီးနားက ၃-၀ နဲ့ နိုင်သွားခဲ့ပါတယ်။

.

.

အာဂျင်တီးနားရဲ့ လူစာရင်းမှာ မက်ဆီနဲ့ မာတီနက်ဇ်တို့အတွဲကို ပွဲထုတ်ခဲ့ပြီး အယ်ဗာရက်ဇ်ကတော့ အရန်ခုံထိုင်ခဲ့ရတာပါ။ ကွင်းလယ်မှာ ဒီပေါလ်၊ မက်အလစ္စတာ၊ အန်ဇိုတို့နဲ့ လူစုံခဲ့ပြီး ခံစစ်မှာလည်း မန်ယူနောက်ခံလူ မာတီနက်ဇ်နဲ့ စပါးရဲ့ ရိုမီယို အတွဲကို တွေ့ခဲ့ရတာပါ။

.

အယ်လ်ဂျီးရီးယား ဖက်မှာတော့ မာရက်ဇ်ကို အရန်ခုံထိုင်ခိုင်းထားပြီး ဘန်တလက်၊ မာဇာ တို့ကို ကွင်းလယ်တိုက်စစ် နေရာတွေမှာ သုံးခဲ့ပါတယ်။

.

ပွဲအစ ၈ မိနစ်မှာ အယ်လ်ဂျီးရီးယားဖက်က ချိုင်ဘီရဲ့ သွင်းဂိုး ဝင်သွားခဲ့ပေမဲ့ ဒိုင်လူကြီးက VAR ပြန်ကြည့်ပြီး ပယ်ဖျက်သွားခဲ့တာပါ။ အယ်လ်ဂျီးရီးယားက ဘောလုံးပိုင်ဆိုင်မှုနဲ့ ဂိုးသွင်းခွင့်တွေမှာ အာဂျင်တီးနားကို ယှဉ်ကစားနိုင်ခဲ့ပေမဲ့ အဆုံးသတ်ဂိုးသွင်းမှုပိုင်းမှာတော့ ယှဉ်လို့မရခဲ့ပါဘူး။

.

ပွဲချိန် ၁၇ မိနစ်မှာတော့ မက်ဆီက ဂိုးဧရိယာအပြင်ကနေ လှလှပပ ကန်သွင်းပြီး အာဂျင်တီးနားအတွက် ဦးဆောင်ဂိုး သွင်းပေးခဲ့ပါတယ်။ နှစ်သင်းစလုံးက ကွင်းလယ်မှာ ဘောလုံးဖျက်နိုင်ဖို့ ကြမ်းကြမ်းတမ်းတမ်း ကစားနေကြတာမို့ ပြစ်ဒဏ်ဘောတွေကိုလည်း မကြာခဏဆိုသလို တွေ့ခဲ့ရတာပါ။

.

မာရက်ဇ် မပါတဲ့ အယ်လ်ဂျီးရီးယားတိုက်စစ်က လိုအပ်ချက်တွေရှိနေခဲ့ပြီး တောင်ပံတွေကနေ ဘောလုံး ထွက်နိုင်ဖို့ ခက်နေခဲ့သလို အာဂျင်တီးနား ဂိုးပေါက်ကို တစ်ပွဲလုံး ထိထိရောက်ရောက် ခြိမ်းခြောက်နိုင်ခြင်း မရှိခဲ့ပါဘူး။

.

ပွဲချိန် မိနစ် ၆၀ မှာ အာဂျင်တီးနား ဒုတိယဂိုးရသွားပြီး ဂိုးဧရိယာအပြင်ကနေ ကန်လိုက်တဲ့ဘောလုံးကို အယ်လ်ဂျီးရီးယား ဂိုးသမား ဖမ်းလိုက်ပြီး ပြန်ထွက်လာတာကနေ တစ်ဆင့် မက်ဆီက ပြေးဝင်ပိတ်သွားတာ ဖြစ်ပါတယ်။

.

အယ်လ်ဂျီးရီးယားဖက်က ပွဲချိန် ၆၅ မှာ မာရက်ဇ်ကို ထည့်ကစားခဲ့ပြီး တိုက်စစ်မြှင့်ဖို့ ကြိုးစားခဲ့ပေမဲ့ ဂိုးမရတဲ့အပြင် ပွဲချိန် ၇၆ မိနစ်မှာ မက်ဆီရဲ့ဂိုးကိုတောင် ထပ်ပြီး ခွင့်ပြုခဲ့ရတာပါ။ အယ်လ်ဂျီးရီးယား ဂိုးသမားရဲ့ အားနည်းချက်ကို သိသွားတဲ့မက်ဆီက ပထမဆုံး ဂိုးအတိုင်းပဲ ဧရိယာအပြင်ကနေ ထပ်ကန်သွင်း ပြီး ဒီပွဲအတွက် သူ့ရဲ့ Hat-Trick ဂိုးအဖြစ် သွင်းယူသွားခဲ့တာပါ။

.

ဒီပွဲမှာ အယ်လ်ဂျီးရီးယားဂိုးပေါက်ကို တာဝန်ယူခဲ့တဲ့ ပြင်သစ်ကွင်းလယ်လူ ဇီဒန်းရဲ့သား လူကာဇီဒန်းလည်း တော်တော်လေး စိတ်ပျက်နေပုံရပြီး ပွဲကြည့်စင်ပေါ်မှာ တွေ့ရတဲ့ ဖခင်ဖြစ်သူ ဇီဒန်းလည်း စိတ်ပျက် လက်ပျက်နဲ့ပါ။

.

လက်ကျန်ပွဲချိန်တွေမှာတော့ အာဂျင်တီးနားကပဲ ပွဲကို စိုးမိုးသွားခဲ့ပြီး နှစ်ဖက်သွင်းဂိုးတွေ ထပ်မရတော့တာ ကြောင့် ပွဲအပြီးမှာ အာဂျင်တီးနားက ၃-၀ ဆိုတဲ့ ရလာဒ်နဲ့အနိုင်ရသွားခဲ့တာပဲဖြစ်ပါတယ်။

.

No comments:

Post a Comment

Pages