တာချီလိတ်တွင် ရှမ်းနှစ်သစ်ကူးပွဲတော် ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Tuesday, June 16, 2026

တာချီလိတ်တွင် ရှမ်းနှစ်သစ်ကူးပွဲတော် ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၆ ရက်

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်၊ ရှမ်းကွင်းလမ်းရှိ ရှမ်းစာပေနှင့် ယဉ်ကျေးမှု အသင်း ရုံးခန်းမတွင် ယနေ့ ဇွန်လ ၁၆ ရက်၊ နေ့လယ်ပိုင်းက ရှမ်းနှစ်သစ်ကူးပွဲတော် ကျင်းပနိုင်ရေး အတွက် ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

.

ရှမ်းနှစ်သစ်ကူးပွဲတော်ကို ၂၀၁၉ ခုနှစ် နောက်ပိုင်းတွင် ခမ်းနားစွာ မကျင်းပနိုင်ခဲ့သည့်အတွက် ယခု ၂၀၂၆ ခုနှစ်တွင် စည်ကားသိုက်မြိုက်စွာ ပြန်လည်ကျင်းပနိုင်ရေးအတွက် အကြို ညှိနှိုင်းဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အစည်းအဝေးတွင် ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းအွန်းခမ်းက အဖွင့်အမှာစကား ပြောကြားခဲ့ ပြီး ရှမ်းနှစ်သစ်ကူးပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများနှင့် လုပ်ငန်းအစီအစဉ်များကို တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

.

ထို့နောက် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ စိုင်းလုံမောက ပွဲတော်ကျင်းပရေးကော်မတီ ဖွဲ့စည်းရေး ဆိုင်ရာကိစ္စရပ်များ၊ ရန်ပုံငွေရှာဖွေစုဆောင်းရေးလုပ်ငန်းများနှင့် နှစ်သစ်ကူးပွဲတော်နေ့တွင် ကျင်းပမည့် မဲဖောက်အစီအစဉ်များကို ရှမ်းဘာသာစကားဖြင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

.

အဆိုပါ အစည်းအဝေးသို့ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းအွန်းခမ်း၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှု အသင်း ဥက္ကဋ္ဌ စိုင်းလုံမောနှင့် အသင်းတာဝန်ရှိသူများ၊ တာချီလိတ်ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဘိုစံ၊ မြို့နယ် အတွင်းရေးမှူး ဦးသိန်းမင်းမြတ်နှင့် ပါတီဝင်များ၊ ဆေခမ်း၊ ပါဆတ်နှင့် ဆန်ဆိုင်း(က)ရပ်ကွက်များမှ အုပ်ချုပ်ရေးမှူးများ၊ မိုင်းကိုးကျေးရွာအုပ်စုမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages