.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်
.
နာမည်ကျော် Transporter မင်းသား
Jason Statham နဲ့အတူ တွဲဖက် သရုပ်ဆောင်ဖူးခဲ့တဲ့
ဗြိတိန်မင်းသမီး အမ်မာ ဟပ်ဆန် ကတော့ ဩစတြေးလျနိုင်ငံထဲကို အမေရိကန်ဒေါ်လာ သန်း ၃၀၀
နီးပါး တန်ဖိုးရှိတဲ့ မူးယစ် ဆေးတွေ တင်သွင်းမှုနဲ့ ဖမ်းဆီးခံထားရပါတယ်။
.
.အနောက်အာဖရိက ကနေ ဩစတြေးလျနိုင်ငံထဲကို Meth
မူးယစ်ဆေးဝါး ၃၀၀ ကီလိုဂရမ်ကျော် တင်သွင်းဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့
စွပ်စွဲချက်နဲ့ ဟပ်ဆန် ကို ဖမ်းဆီးခဲ့တာဖြစ်ပြီး ဆစ်ဒ်နီတရားရုံးမှာ မနေ့က
ရုံးထုတ် ခဲ့တာပါ။ ဟပ်ဆန်ရဲ့အမှုက စီးပွားဖြစ်ပမာဏအနေနဲ့
မူးယစ်ဆေးတင်သွင်းခဲ့တဲ့အမှုဖြစ်ပြီး အမြင့်ဆုံး ပြစ်ဒဏ်အဖြစ်
ထောင်ဒဏ်တစ်သက်တစ်ကျွန်း ကျခံရနိုင်တာပါ။
.
ရဲတပ်ဖွဲ့ရဲ့ စုံစမ်းမှုအရ ဟပ်ဆန် ဟာ
ဩစတြေးလျတောင်ပိုင်းမှာ နေထိုင်တဲ့ အမျိုးသားတစ်ဦး၊ အမျိုးသမီး တစ်ဦးတို့နဲ့
ပူးပေါင်းပြီး ဂါနာကနေ တင်ပို့လာတဲ့ သင်္ဘောကုန်သေတ္တာ တွေထဲက မီးသွေးအိတ်တွေထဲမှာ
မူးယစ်ဆေးတွေထည့်ပြီး ဩစတြေးလျနိုင်ငံထဲကို တင်သွင်းဖို့ ကြိုးစားခဲ့တာလို့
သိရတာပါ။ ဒီမူးယစ်ဆေး တွေရဲ့ တန်ဖိုးက ဩစတြေးလျဒေါ်လာ ၂၉၆ သန်းရှိတာ ဖြစ်ပါတယ်။
.
ဟပ်ဆန်က ၂၀၁၀ မှာ စတင်ထုတ်လွှင့်ခဲ့တဲ့ E20 ဇာတ်လမ်းတွဲမှာ Naz ဆိုတဲ့ ဇာတ်ကောင်နေရာကနေ
ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ Jason Statham ရဲ့ Redemption ဆိုတဲ့ ကား မှာလည်း
ပါဝင်ခဲ့တာဖြစ်ပါတယ်။
.
ဟပ်ဆန်ရဲ့အမှုက ၂၀၂၆ ခုနှစ် ဧပြီလမှာ
စတင်ခဲ့တာဖြစ်ပြီး ဂါနာကနေ ဆစ်ဒနီဆိပ်ကမ်းကို ရောက်လာတဲ့ ကုန်သေတ္တာနှစ်လုံးမှာ
မသင်္ကာစရာအခြေအနေတွေ တွေ့ရှိရာကနေ ရဲတပ်ဖွဲ့ရဲ့စုံစမ်းမှု စတင်ခဲ့တာပါ။
.
အာဏာပိုင်တွေက ကုန်သေတ္တာထဲမှာရှိတဲ့
မီးသွေးအိတ်တွေကို X-Ray နဲ့ စစ်ဆေးရာကနေ Meth တွေ ပါလာတာကို သိခဲ့ကြတာပါ။ အဲဒီနောက်မှာတော့ ဆစ်ဒနီအနောက်ပိုင်းမှာရှိတဲ့
ဒေသကုန်လှောင်ရုံဆီ မပို့ဆောင်ခင်မှာ အဲဒီပစ္စည်းတွေကို သိမ်းဆည်းခဲ့ပြီးတဲ့နောက်
ကွင်းဆက် လိုက်ခဲ့တာပဲဖြစ်ပါတယ်။
.
ရဲတပ်ဖွဲ့ရဲ့ ပြောဆိုချက်အရတော့ ဟပ်ဆန်
ကိုယ်တိုင်က ပစ္စည်းသိုလှောင်ရုံကို သွားရောက်ခဲ့ပြီး ကုန်သေတ္တာ ကိုဖွင့်ပြီးတဲ့နောက်
ပစ္စည်းတွေထုတ်ယူနေချိန်မှာ ကြီးကြပ်မှု ပြုလုပ်ခဲ့တယ်လို့ ဆိုတာပါ။
အဲဒီနောက်မှာတော့ ဟပ်ဆန်နဲ့အဖွဲ့က Blacktown ဒေသက
နေအိမ်တစ်လုံးဆီ သွားရောက်ခဲ့ကြပြီး ရဲတွေက သူတို့ကို အဲဒီနေအိမ်မှာ
ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
.
Source – BBC
.

No comments:
Post a Comment