.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်
.
ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်
ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) ကိုယ်စားလှယ်အဖွဲ့သည်
ယမန်နေ့ ဇွန်လ ၁၈ ရက်က “ဝ” ဒေသ၊ ပန်ဆန်း မြို့သို့ သွားရောက်၍ UWSP/UWSA တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
.
.ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ငြိမ်းချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့်
ဒေသဖွံ့ဖြိုးရေးတို့ကို အဓိကထား ဆွေးနွေးခဲ့သည်ဟု WSTV က ထုတ်ပြန်ထားသည်။
.
အဆိုပါ ဆွေးနွေးပွဲသို့ NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့များ၊ UWSP/UWSA
ဗဟိုကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း
သိရသည်။
.
NSPNC ကိုယ်စားလှယ်အဖွဲ့သည် UWSP/UWSA နှင့် မတွေ့ဆုံမီ ဇွန်လ ၁၇ ရက်ကလည်း ရှမ်းပြည်နယ် အရှေ့ပိုင်း၊ အထူးဒေသ (၄)
မိုင်းလားတွင် NDAA မိုင်းလားအဖွဲ့နှင့် တွေ့ဆုံခဲ့သေးသည်။
.
Photo – WSTV
.

No comments:
Post a Comment