တောင်ကိုရီးယားကို အနိုင်ယူပြီး အုပ်စု A ကို ပြတ်ပြတ်သားသား ဦးဆောင်သွားတဲ့ မက္ကဆီကို - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Friday, June 19, 2026

တောင်ကိုရီးယားကို အနိုင်ယူပြီး အုပ်စု A ကို ပြတ်ပြတ်သားသား ဦးဆောင်သွားတဲ့ မက္ကဆီကို

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်

.

ဒီနေ့မနက်ပိုင်းမှာ ကစားခဲ့တဲ့ ကမ္ဘာ့ဖလားအိမ်ရှင် မက္ကဆီကိုနဲ့ တောင်ကိုရီယားအသင်းတို့ရဲ့ ပွဲစဉ်မှာတော့ မက္ကဆီကိုအသင်းက ၁-၀ ဂိုးနဲ့အနိုင်ရသွားခဲ့ပြီး အမှတ်ပေးဇယားကို ပြတ်ပြတ်သားသား ဦးဆောင်သွား ခဲ့ပါတယ်။

.

.

အဖွင့်ပွဲစဉ်မှာ တောင်အာဖရိက အသင်းကို ၂-၀ နဲ့ နိုင်ခဲ့တဲ့ မက္ကဆီကိုက ဒီနေ့ပွဲမှာလည်း ပေးဂိုးမရှိ နိုင်ပွဲတစ်ပွဲကို ထပ်မံရရှိခဲ့တာဖြစ်ပြီး သူတို့ရဲ့ခံစစ်စွမ်းဆောင်ရည်ကောင်းကို ပြခဲ့တာပါ။

.

တောင်ကိုရီးယားက ချက်နဲ့ပွဲမှာ သုံးခဲ့တဲ့ လူစာရင်းကိုပဲ အခြေခံပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာ လီကန်အင်နဲ့ ဆွန်ဟောင်မင်တို့ ဦးဆောင်လာခဲ့တာပါ။ မက္ကဆီကိုကတော့ ဂျီမီနက်ဇ်၊ ကွင်နိုနက်စ်တို့ရဲ့တိုက်စစ်နဲ့ တောင်ကိုရီးယားဖက်ကို ဖိအားပေးခဲ့ပြီး အပြန်အလှန်ဂိုးသွင်းခွင့်တွေလည်း ရခဲ့ကြတာပါ။

.

ပွဲအစ ၄ မိနစ်မှာတင် လီကန်အင်ရဲ့ ကြမ်းတမ်းတဲ့ ကစားပုံကြောင့် အဝါကတ်အပြခံခဲ့ရပြီး ပွဲချိန် မိနစ် ၂၀ မှာ ကွင်နိုနက်စ်ရဲ့ခေါင်းတိုက်ချက်ကို တောင်ကိုရီးယားဂိုးသမား ကာကွယ်ခဲ့ရပါတယ်။

.

ပထမပိုင်းမှာတော့ ဘောလုံးက ကွင်းလယ်မှာတင် အပျက်များနေခဲ့ပြီး ဆိုယောင်ဝူးရဲ့ ဘယ်ခြေ ကန်သွင်းချက်နဲ့ ဂိုးဧရိယာအပြင်က ကန်ခဲ့တဲ့ လီကန်အင်ရဲ့ ကန်သွင်းမှုတွေက လွဲရင် နှစ်သင်းစလုံး အခွင့်အရေးတွေ သိသိသာသာ မရခဲ့ကြပါဘူး။

.

ဒုတိယပိုင်းမိနစ် ၅၀ မှာတော့ မက္ကဆီကိုက အဖွင့်ဂိုးရသွားခဲ့ပြီး လူးဝစ်ရိုမို က ဂိုးဧရိယာထဲမှာ ညာခြေနဲ့ ကန်သွင်းယူသွားခဲ့တာပါ။

.

ဂိုးပေးလိုက်ရတာကြောင့် တောင်ကိုရီးယားတို့ တိုက်စစ်ကို ပိုအရှိန်မြင့်ခဲ့ပေမဲ့ မက္ကဆီကို ခံစစ်ကို မကျော်နိုင်တဲ့အပြင် မက္ကဆီကိုကတောင် ဂိုးထပ်ရမယ့်အခွင့်အရေးတွေ ရခဲ့တာပါ။

.

ပွဲချိန် ၇၅ မိနစ်မှာ ကွင်နိုနက်စ်ရဲ့ဖန်တီးပေးမှုက တစ်ဆင့် ဂျီမီနက်ဇ်က ညာခြေနဲ့ကန်သွင်းခဲ့ပေမဲ့ ဂိုးသမား ကင်ဆောင်ဂယူ ကာကွယ်သွားနိုင်ခဲ့ပါတယ်။ ပွဲချိန် မိနစ် ၈၀ နားက စလို့ တောင်ကိုရီးယားဖက်က ဂိုးသွင်းခွင့်တွေ ဆက်တိုက်ရခဲ့ပေမဲ့ လီကန်အင်၊ ယန်ဟွမ်ဂျန် တို့ အသုံးမချနိုင်ခဲ့လို့ ပွဲအပြီးမှာ ၁-၀ ဆိုတဲ့ ရလာဒ်နဲ့ တောင်ကိုရီးယားတို့ အရှုံးပေးလိုက်ရဝါပဲ ဖြစ်ပါတယ်။

.

No comments:

Post a Comment

Pages