.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၃ ရက်
.
ကမ္ဘာ့အကြီးဆုံး ဖျော်ဖြေရေးနဲ့
မီဒီယာကုမ္ပဏီတွေထဲက တစ်ခုဖြစ်တဲ့ Warner Bros ကို
အပြိုင်ဝယ်ယူဖို့ ကြိုးစားနေကြတဲ့ နက်ဖလစ်နဲ့ ပါရာမောင့် တို့အကြား
ပြိုင်ဆိုင်မှုကတော့ အဆုံးသတ်သွားခဲ့ပါပြီ။ အမေရိကန် တရားရေးဌာန က
ပါရာမောင့်အနေနဲ့ Warner Bros ကို ဒေါ်လာ ၁၁၁ ဘီလီယံနဲ့
ဝယ်ယူမယ့် သဘောတူညီချက်ကို အတည်ပြုပေးလိုက်တာကြောင့်ပဲ ဖြစ်ပါတယ်။
.
.ဒီရောင်းချမှုက အငြင်းပွားမှုတွေနဲ့
ပြည့်နှက်နေခဲ့တာဖြစ်ပြီး ပါရာမောင့်နဲ့ နက်ဖလစ်အကြားမှာ Warner Bros ကို ဝယ်ယူနိုင်ဖို့ အပြိုင်ကြိုးစားမှုတွေ ဖြစ်လာခဲ့ပြီး
နိုင်ငံရေးဆိုင်ရာ သက်ရောက်မှုတွေပါ ဖြစ်လာခဲ့ တာပါ။ ပါရာမောင့်ကို ခေါင်းဆောင်တဲ့
ဒေးဗစ်အယ်လီဆင်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အဓိက အလှူရှင်တစ်ဦးဖြစ်တဲ့
လာရီအယ်လီဆင်ရဲ့သား ဖြစ်နေတာကြောင့်လည်း ဒီရောင်းချမှုက ဝေဖန်မှုတွေနဲ့
ပြည့်နေခဲ့ပါတယ်။
.
ကယ်လီဖိုးနီးယားရဲ့ ရှေ့နေချုပ် ရော့ဘ်ဘွန်တာ က Warner
Bros ကို ရောင်းချမှုက ဖျော်ဖြေရေးလုပ်ငန်းမှာ ပိုမိုစုစည်းမှု ဖြစ်လာနိုင်ပေမဲ့လည်း
ကုမ္ပဏီကြီးတွေရဲ့ ပြိုင်ဆိုင်မှုတွေမှာတော့ လျော့နည်းလာမှာကို စိုးရိမ်တဲ့ အကြောင်း
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာ ပြောဆိုထားခဲ့ဖူးတာပါ။ ဒါပေမဲ့လည်း Warner
Bros က ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ ငွေကြေးဆိုင်ရာ အကျပ်အတည်းတွေ
တော်တော်ရင်ဆိုင်ခဲ့ရပြီး အလုပ်သမားတွေကို လျှော့ချခဲ့ရသလို၊ ကုန်ကျစရိတ်တွေကိုပါ
ပြန်လည်စိစစ်ခဲ့ရတာပါ။
.
ပြီးခဲ့တဲ့ ဧပြီလထဲမှာ Warner Bros ကို ရောင်းချမယ့် အစီအစဉ်ကို ဟောလိဝုဒ် သရုပ်ဆောင်တွေ၊ ဒါရိုက်တာတွေ အပါအဝင်
ရုပ်ရှင်နဲ့ပတ်သက်သူ ၁၄၀၀ ကျော်က ကန့်ကွက်တဲ့အကြောင်း လက်မှတ် ရေးထိုးခဲ့ကြဖူးတာလည်း
ရှိပါတယ်။ ဒီလို ရောင်းချပြီး ပေါင်းစည်းလိုက်တဲ့အတွက် အနုပညာဖန်တီးသူတွေ အတွက်
အခွင့်အလမ်း နည်းပါးလာတာတွေ၊ အလုပ်အကိုင် လျော့နည်းလာတာတွေ၊ ကုန်ကျစရိတ် မြင့်လာတာတွေနဲ့
ကမ္ဘာတစ်ဝှမ်း ပရိသတ်တွေအတွက် ရွေးချယ်စရာ နည်းလာမှာတွေ ဖြစ်လာနိုင်တယ်လို့
ကန့်ကွက်သူတွေက မှတ်ချက်ပေးခဲ့ကြတာပါ။
.
ပါရာမောင့် ဟာ ၂၀၂၅ ခုနှစ်ထဲမှာလည်း Skydance
နဲ့ ပူးပေါင်းခဲ့ဖူးပြီး အဲဒီပူးပေါင်းမှု ပြီးတဲ့နောက်ပိုင်းမှာ
သူတို့ရဲ့ဝန်ထမ်း ၁၀ ရာခိုင်နှုန်းကို လျှော့ချခဲ့တာပါ။
.
ပါရာမောင့်အနေနဲ့ Warner Bros ကို လွှဲပြောင်းရယူနိုင်ခဲ့မယ်ဆိုရင် ဟောလိဝုဒ်ရဲ့ အင်အားအကြီးဆုံး
မီဒီယာထုတ်လုပ်မှု လုပ်ငန်းဖြစ်လာဖို့ရှိနေပြီး လက်ရှိလုပ်ငန်းတွေဖြစ်တဲ့ Paramount
Picture ၊ CBS ၊ ShowTime နဲ့ Nickelodeon တို့အပြင် CNN ၊ HBO ၊ TBS ၊ TNT ၊ TCM ၊ DC Studios နဲ့ New
Line Cinema တွေကိုပါ ထပ်မံပိုင်ဆိုင်လာမှာလည်း ဖြစ်ပါတယ်။
.
ပရိသတ်တွေအနေနဲ့လည်း Warner Bros အနေနဲ့ ဒီလိုသာ ပေါင်းစည်းလိုက်ရင် သူတို့ရဲ့နာမည်ကျော် လက်ရာတွေဖြစ်တဲ့
ဟယ်ရီပေါ်တာ၊ မက်ထရစ်၊ The Dark Knight ၊ The Lord of
the Rings တို့လိုမျိုး အကောင်းဆုံး ရုပ်ရှင်မျိုးတွေ ထပ်ပြီး
ထွက်မလာတော့မှာကို စိုးရိမ်နေကြပါတယ်။
.
Source – BBC
.

No comments:
Post a Comment