.
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဝက်ဖြူရေကျေးရွာအုပ်စု၊
မကွေကျေးရွာတွင် ယနေ့ ဇူလိုင်လ ၁၇ ရက်၊ နံနက်ပိုင်းက အမျိုးသမီးတစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား
၁၉၀ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.အမှတ် (၂၅) မူးယစ်တပ်ဖွဲ့စု ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့
ဇူလိုင်လ ၁၇ ရက်၊ နံနက် ၈ နာရီခွဲ ခန့်က ကလောမြို့နယ်၊ ဝက်ဖြူရေကျေးရွာအုပ်စု၊ မကွေကျေးရွာနေ
ဒေါ်ကြည်ခင်၏ နေအိမ်အား ဝင်ရောက် ရှာဖွေရာ ၎င်းအား နေအိမ်တွင် အသင့်တွေ့ရပြီး ၎င်းအိပ်သည့်
အိပ်ရာခေါင်းရင်းအောက်မှ အနက်ရောင် ပလပ်စတစ်ဖြင့်ထုတ်လျက် အပြာရောင်ပလပ်စတစ်ကပ်ခွာ
အိပ်ဖြင့်ထည့်ထားသည့် WY
စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၉၀ ပြားပါ တစ်ထုပ်၊
အလေးချိန် ၁၇ ဒသမ ၁ ဂရမ်ခန့် အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသူ အား
ကလောမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ
ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:
Post a Comment