ညောင်ရွှေစာပြန်ပွဲ စာအောင်ဆုနှင်းသဘင် ပြုလုပ် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Saturday, July 4, 2026

ညောင်ရွှေစာပြန်ပွဲ စာအောင်ဆုနှင်းသဘင် ပြုလုပ်

.

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၄ ရက်

.

ရှမ်းပြည်နယ်လုံးဆိုင်ရာ ဝိနယာဒိနုဂ္ဂဟ ညောင်ရွှေစာပြန်ပွဲတော် စာအောင်ဆု၊ အောင်လက်မှတ် ဆက်ကပ်ပွဲနှင့် ရေစက်ချတရားတော်နာယူပွဲကို ယနေ့ ဇူလိုင်လ ၄ ရက်၊ နေ့လယ်ပိုင်းက ညောင်ရွှေမြို့၊ အဌဒိသာ ဓမ္မဝိဟာရ ဒေသစာရီကျောင်းတော်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

.

.

(၈၆) ကြိမ်မြောက် ဝိနယာဒိနုဂ္ဂဟ စာမေးပွဲတော်ကို ဇွန်လ ၂၆ ရက်မှ ဇွန်လ ၂၉ ရက်နေ့အထိ လည်း ကောင်း၊ (၈၉) ကြိမ်မြောက် ဝိနယာဒိနုဂ္ဂဟအာဂုံစာပြန်ပွဲတော်နှင့် အာဂုံ ရေးဖြေပွဲတော်ကို ဇွန်လ ၃၀ ရက်မှ ဇူလိုင်လ ၄ ရက်နေ့အထိလည်းကောင်း ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ဝိနယာဒိနုဂ္ဂဟ စာမေးပွဲတော်တွင် ရိုးရိုးတန်း မူလတန်းမှ ဆဋ္ဌမတန်းအထိ ဖြေဆိုရန် သံဃာ ၃၂၂၃ ပါး စာရင်း ပေးသွင်းခဲ့သည့်အနက် ၂၆၉၉ ပါး ဝင်ရောက်ဖြေဆိုခဲ့ပြီး ၂၁၄၆ ပါး အောင်မြင်ကာ စာချတန်းတွင် ၅ ပါး ဖြေဆိုအောင်မြင်ခဲ့ကြောင်း သိရသည်။

.

အဆိုပါ ဝိနယာဒိနုဂ္ဂဟ ညောင်င်ရွှေစာပြန်ပွဲတော် စာအောင်ဆု၊ အောင်လက်မှတ် ဆက်ကပ်ပွဲနှင့် ရေစက်ချတရားတော်နာယူပွဲအခမ်းအနားသို့ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ စိုင်းလုံကျော်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

.

 

No comments:

Post a Comment

Pages