.
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၄ ရက်
.
■ ကနေဒါ - မော်ရိုကို (ည ၁၁-၃၀)
.
ပြီးခဲ့တဲ့အဆင့်မှာတော့
ကမ္ဘာ့ဖလားအိမ်ရှင်တွေထဲက တစ်သင်းဖြစ်တဲ့ ကနေဒါက တောင်အာဖရိက ကို ၁-၀ နဲ့
နိုင်ခဲ့ပြီး မော်ရိုကို ကတော့ နယ်သာလန်ကို ပင်နယ်တီနဲ့နိုင်ခဲ့တာပါ။
.
ကနေဒါက ခံစစ်ပိုင်း သိပ်မကောင်းပေမဲ့လည်း
တိုက်စစ်က ဒေးဗီး၊ လာရင်အတွဲနဲ့ ကွင်းလယ်ဗဟိုက ဆာလီဘာ၊ အက်စ်တာကီယို အတွဲက
တော်တော်လေး ကောင်းနေခဲ့တာပါ။
.
မော်ရိုကို ကတော့ အသင်းလိုက်ကစားပုံကို
ဦးစားပေးထားတဲ့ အသင်းဖြစ်ပြီး တိုက်စစ်က ဆိုင်ဘာရီ၊ ဘယ်တောင်ပံက ခန်နော့စ်နဲ့
အသင်းခေါင်းဆောင် ဟာကီမီ တို့ကို အထိုင်ချပြီး ကစားနေတဲ့အသင်းပါ။
.
ထိပ်တိုက်တွေ့ဆုံမှုတွေကို
ပြန်ကြည့်လိုက်ရင်တော့ ကနေဒါနဲ့ မော်ရိုကို တို့ တွေ့ဆုံခဲ့ဖူးတဲ့ ၂ ကြိမ်စလုံး
မော်ရိုကိုကချည်း နိုင်ခဲ့တာပါ။
.
ကနေဒါအတွက်ကလည်း ကမ္ဘာ့ဖလားသမိုင်းတစ်လျောက် ၁၆
သင်းအဆင့်ကို ပထမဆုံးအကြိမ် ရောက်နိုင်ခဲ့ ပြီမို့ ကျေနပ်မယ်ဆို
ကျေနပ်လို့ရနေပါပြီ။ ၁၆ သင်းအဆင့်မှာ အာဖရိကအသင်းတွေ သိပ်မကျန်တော့တာ၊
ထိပ်တိုက်တွေ့ဆုံမှုတွေမှာ မော်ရိုကို အသာရနေတာ၊ လက်ရှိခြေစွမ်းနဲ့ကစားပုံအရ
မော်ရိုကို သာနေတာ တွေကို ယှဉ်ကြည့်လိုက်ရင် ဒီပွဲက မော်ရိုကိုပဲ
နောက်တစ်ဆင့်တက်မယ့် ပွဲမျိုးပါ။
.
■ ပြင်သစ် - ပါရာဂွေး (နံနက် ၃-၃၀)
.
ဂျာမနီကို ပင်နယ်တီအဆုံးအဖြတ်နဲ့ နိုင်ပြီး
နောက်တစ်ဆင့်တက်လာတဲ့ ပါရာဂွေးရဲ့ ကြိုးစားမှုကိုတော့ အသိအမှတ်ပြုရမှာပါ။ ဒါပေမဲ့
ပြီးခဲ့တဲ့ ၄ ပွဲမှာ ပေးဂိုး ၂ ဂိုးနဲ့ ရဂိုး ၁၃ ဂိုးရှိခဲ့တဲ့ ပြင်သစ်ရဲ့ တိုက်စစ်ကို
ဥရုဂွေးတို့ တားဆီးနိုင်ပါ့မလား ဆိုတာကတော့ မေးခွန်းထုတ်ဖို့ လိုလာပါလိမ့်မယ်။
.
အန်ဆီယို၊ ဂိုမက်ဇ်၊ အယ်လ်မီရွန်တို့ရဲ့
ပါရာဂွေးက ပိတ်ကစားတတ်တဲ့အသင်းမျိုးမဟုတ်တာတော့ အသေ အချာပါ။ သူတို့ရဲ့ကစားပုံက
ပြိုင်ဘက်တိုက်စစ်ကို တိုက်စစ်နဲ့လိုက်ထိန်းတဲ့ပုံစံဖြစ်ပြီး ဂျာမနီနဲ့ပွဲမှာ
ကစားခဲ့တဲ့ ပုံစံအတိုင်း ဒီပွဲကို ချည်းကပ်မှာပါ။
.
ပြင်သစ်ကတော့ ဘက်ပီ၊ အိုလစ်ဆီ၊ ဒမ်ဘီလီ၊ ဘာကိုလာ
တို့ရဲ့တိုက်စစ်အတွဲနဲ့ ပွဲထွက်လာမှာဖြစ်ပြီး ကွင်းလယ်မှာ ချုဝါမီနီ၊ ရာဘီယော့
တို့ ကစားမှာပါ။ ခံစစ်မှာတော့ ပါမီကာနို၊ ဆာလီဘာ အတွဲနဲ့အတူ အပြောင်းအလဲ
သိပ်ရှိဖို့ မမြင်ပါဘူး။
.
ထိပ်တိုက်တွေ့ဆုံမှုတွေကို ပြန်ကြည့်ရင်တော့
နောက်ဆုံး ၃ ကြိမ်တွေ့ဆုံမှုမှ ပါရာဂွေးတို့က ၂ ကြိမ် သရေ ကစားနိုင်ခဲ့လို့
မဆိုးဘူးလို့တော့ ပြောလို့ရတယ်။ ဒါပေမဲ့ ပါရာဂွေးရဲ့လက်ရှိခံစစ်လောက်နဲ့တော့
ပြင်သစ် တိုက်စစ်ကို တားလို့မရမှာ သေချာပါတယ်။ ပြင်သစ်ရဲ့
ဂိုးပြတ်နိုင်ပွဲတစ်ပွဲကို ထပ်ကြည့်ရမယ့်ပွဲပါ။
.

No comments:
Post a Comment