.
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၅ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့တွင်
ဇူလိုင်လ ၂ ရက်၊ နေ့လယ်ပိုင်းက လိုင်စင်မဲ့ယာဉ် မောင်းနှင်သူ အမျိုးသားတစ်ဦး ဖမ်းဆီးခံခဲ့ရကြောင်း
သိရသည်။
.
ဟဲဟိုးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဇူလိုင်လ
၂ ရက်၊ နေ့လယ် ၂ နာရီခန့်က ကလော-တောင်ကြီး သွားကားလမ်း၊ ဟဲဟိုးအထွက်
ဆိုင်းဘုတ်အနီး၌ ယာဉ်စစ်ဆေးခြင်းများဆောင်ရွက်နေစဉ် ဟဲဟိုးမြို့ ဘက်မှ
ရွှေညောင်မြို့ဘက်သို ရွှေညောင်မြို၊ မင်္ဂလာရွှေဘိုရပ်ကွက်နေ အမျိုးသားတစ်ဦး မောင်းနှင်လာသည့်
Hijet ယာဉ်အား ရပ်တန့်စစ်ဆေးရာ
ယာဉ်နှင့်ပတ်သက်သည့်အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်း မရှိဘဲ
လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
.
“စစ်ဆေးရင်းနဲ့ ဖမ်းမိတာပါ။ ပို့သွင်း-၈ နဲ့ အမှုဖွင့်ထားပါတယ်”
ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။
.
အဆိုပါ လိုင်စင်မဲ့ယာဉ် စီးနင်းအသုံးပြုသူ အမျိုးသားအား
ဟဲဟိုးနယ်မြေရဲစခန်းတွင် ပို့ကုန်/သွင်းကုန် ဥပဒေ ပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
.

No comments:
Post a Comment