၆ နှစ်ကျော် ရပ်နားထားသည့် ဝမ်ပုံ-မိုင်းမော နယ်စပ်ဖြတ်ကျော်သွားလာမှု ပြန်လည်ခွင့်ပြု - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Friday, July 17, 2026

၆ နှစ်ကျော် ရပ်နားထားသည့် ဝမ်ပုံ-မိုင်းမော နယ်စပ်ဖြတ်ကျော်သွားလာမှု ပြန်လည်ခွင့်ပြု

.

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်

.

၆ နှစ်ကျော်ကြာ ရပ်နားထားသည့် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်ရှိ မြန်မာ-လာအိုနယ်စပ် ဝမ်ပုံ-မိုင်းမော နယ်စပ်ဖြတ်ကျော် သွားလာမှုကို ပြန်လည်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

.

.

တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း (က) အုပ်စုရှိ ဝမ်ပုံဆိပ်ကမ်းမှ လာအိုနိုင်ငံ ဘိုကီယိုပြည်နယ်၊ ဟွေဆိုင်းခရိုင် မိန်းမောဆိပ်ကမ်းသို့ ယာယီနယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ် (TBP) ဖြင့် သွားလာမှုကို Covid-19 ကပ်ရောဂါ ဖြစ်ပွားချိန်မှစတင်၍ ရပ်နားထားခဲ့ခြင်းဖြစ်ပြီး ယမန်နေ့ ဇူလိုင်လ ၁၆ ရက်တွင် နယ်စပ်ဖြတ်ကျော် သွားလာမှု ပြန်လည် စတင်ပြီဖြစ်ကြောင်း သိရသည်။

.

ယမန်နေ့ ဇူလိုင်လ ၁၆ ရက်တွင် ဝမ်ပုံဆိပ်ကမ်း လူဝင်မှုကြီးကြပ်ရေးဌာနက အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၄ ဦး၊ စုစုပေါင်း ၅ ဦးအား ယာယီနယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ် (TBP) ထုတ်ပေးခဲ့ပြီး လာအိုနိုင်ငံဘက်သို့ စက်လှေဖြင့် ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

.

ယမန်နေ့တွင် လာအိုနိုင်ငံဘက်မှ မြန်မာနိုင်ငံသို့ ဝင်ရောက်လာသူ မရှိသေးကြောင်း သိရသည်။

.

ဝမ်ပုံ–မိန်းမော နယ်စပ်ဖြတ်ကျော်သွားလာမှုကို Covid-19 ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ၂၀၂၀ ပြည့်နှစ် မတ်လ ၂၉ ရက်မှစတင်ကာ ယာယီရပ်နားထားခဲ့ခြင်းဖြစ်ပြီး ယခုအခါ ၆ နှစ်ကျော်အကြာ တွင် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။သည်။

.

မြန်မာ–လာအို နယ်စပ်ဒေသ စီမံခန့်ခွဲမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်အရ ၁၉၉၇ ခုနှစ်တွင် တာချီလိတ်မြို့နယ်ရှိ ဝမ်ပုံဆိပ်ကမ်းနှင့် လာအိုနိုင်ငံဘက်ရှိ ဘန်ခေါ်အန်းဆိပ်ကမ်း၊ ဘန်မိန်းမောဆိပ်ကမ်း တို့ကို လူဝင်/လူထွက်စစ်ဆေးရေးနေရာများအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

၂၀၀၇ ခုနှစ်တွင် လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန် စတင်ဖွံ့ဖြိုးလာပြီးနောက် မြန်မာရွှေ့ပြောင်း အလုပ်သမား အများအပြား လာအိုနိုင်ငံသို့ သွားရောက်လုပ်ကိုင်ခဲ့ကြပြီး Covid-19 မတိုင်မီကာလတွင် နေ့စဉ် လူဝင်/လူထွက် ပျမ်းမျှ ၃၀ ဦးခန့် ရှိခဲ့ကြောင်း သိရသည်။

.

ယာယီနယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ် (TBP) ဖြင့် သွားရောက်လိုသူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ် (သို့မဟုတ်) စမတ်ကတ် ကိုင်ဆောင်ထားရမည်ဖြစ်ပြီး လက်မှတ်ကြေး ကျပ် ၁၀၀၀ ပေးဆောင်ပြီး စက်လှေဖြင့် လာအိုနိုင်ငံ မိန်းမောဆိပ်ကမ်းသို့ ဖြတ်ကူးကာ လာအို လူဝင်မှုကြီးကြပ်ရေးရုံးတွင် သတင်းပို့ ဝင်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။

.

မြန်မာ–လာအို နှစ်နိုင်ငံအကြား ယာယီနယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ် (TBP) ဖြင့် လူဝင်/လူထွက် သွားလာမှုများကို နေ့စဉ်ပုံမှန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages