ဓါတ်ဆီဈေး ဆက် ကျသော်လည်း ဒီဇယ်ဈေး ပြန်တက်လာ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Friday, July 17, 2026

ဓါတ်ဆီဈေး ဆက် ကျသော်လည်း ဒီဇယ်ဈေး ပြန်တက်လာ


စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ယနေ့ ဇူလိုင်လ ၁၇ ရက်တွင် ထုတ်ပြန်သည့် ရည်ညွှန်းလက်လီဈေးနှုန်းတွင် ဓါတ်ဆီဈေးများ ဆက်လက် ကျဆင်းလာသော်လည်း ဒီဇယ်ဈေးတွင်မူ ပြန်လည် မြင့်တက်လာကြောင်း သိရသည်။

.
တောင်ကြီးမြို့အတွက် စက်သုံးဆီ ရည်ညွှန်းဈေးများမှာ အောက်တိန်း 92 တစ်လီတာလျှင် ၃၃၉၅ ကျပ်မှ ၃၃၅၅ ကျပ်၊ 95 တစ်လီတာလျှင် ၃၄၅၅ ကျပ်မှ ၃၄၃၀ ကျပ်သို့ အနည်းငယ်စီ ကျဆင်းခဲ့ခြင်း ဖြစ်ပြီး ဒီဇယ် ရိုးရိုး တစ်လီတာလျှင် ၃၂၃၅  ကျပ်မှ ၃၃၁၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၃၉၃၀ ကျပ်မှ ၄၀၄၀ ကျပ်သို့ အသီးသီး ပြန်လည် မြင့်တက်လာခြင်း ဖြစ်သည်။

.

ထို့နည်းအတူပင် လားရှိုးမြို့အတွက် ရည်ညွှန်းဈေးတွင်လည်း ဓါတ်ဆီဈေး အနည်းငယ် ကျဆင်း၍ ဒီဇယ်ဈေးများ ပြန်လည် မြင့်တက်လာကြောင်း သိရသည်။

.

“ ဆီဈေးထက် ခု ပြဿနာ ဖြစ်နေတာက ဆိုင်တွေ မဖွင့်ကြတာ။ ဖွင့်ရင်လည်း ကုန်ပြီဆိုပြီးတော့ မရောင်းပေးဘူး၊ မှောင်ခိုဈေးကွက်မှာ အဲဒီဆိုင်ကြီးတွေက ပါဝင် ပတ်သက်နေကြတာ။” ဟု ဒေသခံ တစ်ဦးက ပြောသည်။

.

လက်ရှိ ဆီဈေးကွက် အခြေအနေသည် အခြေအခံ လူတန်းစားပြည်သူများအတွက် ကြီးမားသော အခက်အခဲ တစ်ခု ဖြစ်ပေါ်နေကာ လိုင်စင်မဲ့ယာဉ် ဖြစ်ခြင်းကြောင့် မှောင်ခိုဈေးကွက်၌ မတန်တဆ ဈေးပေး၍ ဝယ်ယူနေရသူများ ရှိနေသကဲ့သို့ အရောင်းဆိုင်များမှ ရောင်းချမှု မရှိခြင်းကြောင့် လိုင်စင်ရှိယာဉ် ဖြစ်သော်လည်း မှောင်ခိုဈေးကွက်တွင် ဝယ်ယူရသည့် အခြေအနေတွင် ရှိနေကြောင်း သိရသည်။

No comments:

Post a Comment

Pages