.
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၇ ရက်
.
တရုတ်နိုင်ငံအရှေ့ပိုင်း၊ နန်ကျင်းမြို့မှာ
နှစ်ပေါင်း ၃၀ အတွင်း ယွမ် ၂ ဒသမ ၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၂၅ သန်းခန့်)
လာဘ်ငွေလက်ခံခဲ့တဲ့ မြို့တော်ဝန်အဆင့် အရာရှိဟောင်း ယန်ယိုလင် ကို သေဒဏ်ချမှတ် လိုက်ပါတယ်။
.
.အသက် ၆၉ နှစ်အရွယ် ယန် ဟာ ၁၉၉၃ ခုနှစ်ကနေ ၂၀၂၃
အထိ နှစ်ပေါင်း ၃၀ အတွင်း နန်ကျင်းမြို့မှာ ရာထူးအမျိုးမျိုးနဲ့
တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး လာဘ်ယူမှုအပြင် နိုင်ငံပိုင်ငွေ အလွဲသုံးစားမှု၊ အာဏာ
အလွဲသုံးစားမှု၊ ငွေကြေးခဝါချမှုတွေနဲ့လည်း ပြစ်မှုထင်ရှားခဲ့တာပါ။ ယန်
ရဲ့တရားမဝင် ရရှိခဲ့တဲ့ ပိုင်ဆိုင်မှု တန်ဖိုးက ပြီးခဲ့တဲ့နှစ်တွေထဲမှာ
အကြီးမားဆုံး အဂတိအမှုတွေထဲက တစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။
.
နိုင်ငံပိုင်မီဒီယာတွေရဲ့ ဖော်ပြချက်မှာတော့
ယန်ဟာ သူ့ရဲ့အာဏာကို အသုံးချပြီး အင်ဂျင်နီယာစီမံကိန်း စာချုပ်တွေ၊
မြေယာလွှဲပြောင်းမှုတွေနဲ့ ငွေကြေးထောက်ပံ့မှုတွေ ရရှိစေဖို့ အကူအညီပေးခဲ့ပြီး
အဲဒီအတွက် ငွေကြေးနဲ့ အဖိုးတန်ပစ္စည်းတွေကို အပြန်အလှန်လက်ခံခဲ့တာပါ။
.
ယန် ကို စုံစမ်းဖော်ထုတ်ခဲ့တာက
သမ္မတရှီကျင့်ဖျင်ဦးဆောင်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးစီမံချက်ရဲ့
တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး စစ်တပ်၊ ဘဏ်လုပ်ငန်းနဲ့ အခြားအရေးပါတဲ့ ဌာနတွေကို
ကျယ်ကျယ်ပြန့်ပြန့် အရေးယူခဲ့တာပါ။
.
ချန်ကျိုးမြို့ တရားရုံးကတော့ ယန်ရဲ့ ပြစ်မှုတွေဟာ
အလွန်ဆိုးရွားတဲ့သဘောရှိပြီး နိုင်ငံနဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို
ကြီးမားတဲ့ ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်စေတယ်လို့ ဆုံးဖြတ်ခဲ့တာပါ။
.
တရုတ်မှာ ရှီကျင့်ဖျင် အာဏာရခဲ့ပြီးတဲ့နောက်
အဂတိလိုက်စားမှု တိုက်ဖျက်ရေးတွေကို အကြိမ်ကြိမ် ဆောင်ရွက်ခဲ့ပေမဲ့လည်း
ဝေဖန်သူတွေကတော့ နိုင်ငံရေးပြိုင်ဘက်တွေကို ဖယ်ရှားဖို့ အသုံးချတဲ့
နည်းလမ်းတစ်ခုသာ ဖြစ်တယ်လို့ မြင်ကြတာပါ။
.
တရုတ်နိုင်ငံတွင်းမှာတော့ စီးပွားရေးနဲ့
ငွေကြေးဆိုင်ရာ ပြစ်မှုတွေအတွက် သေဒဏ်ချမှတ်ခြင်းက ရှားပါး ပေမဲ့လည်း လာဘ်ငွေ ယွမ်
၁ ဘီလီယံကျော်လောက်အထိ ကြီးမားတဲ့အမှုတွေမှာတော့ သေဒဏ်ပေးလေ့ ရှိတာပါ။
.
၂၀၂၁ ခုနှစ်တုန်းက ငွေကြေးအရာရှိဟောင်း
လိုင်ရှောင်မင် တစ်ယောက် ၁၀ နှစ်အတွင်း ယွမ် ၁ ဒသမ ၈ ဘီလီယံ လာဘ်ယူခဲ့တာကြောင့်
သေဒဏ်ပေးခံခဲ့ရပြီး ၂၀၂၄ ခုနှစ်မှာလည်း မွန်ဂိုလီယားက အရာရှိဟောင်း လီကျန်းဖင်က
ယွမ် ၃ ဘီလီယံကျော် အလွဲသုံးစားမှုနဲ့ လာဘ်ယူမှုတွေ လုပ်ခဲ့လို့ သေဒဏ်ပေးခံခဲ့ရ ဖူးပါတယ်။
.
Source – BBC
.

No comments:
Post a Comment