အီဂျစ်ကို အသာရနိုင်တဲ့ အာဂျင်တီးနားနဲ့ ဇူလိုင် ၇ ရက်နေ့ ကမ္ဘာ့ဖလား ခန့်မှန်းချက်များ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Tuesday, July 7, 2026

အီဂျစ်ကို အသာရနိုင်တဲ့ အာဂျင်တီးနားနဲ့ ဇူလိုင် ၇ ရက်နေ့ ကမ္ဘာ့ဖလား ခန့်မှန်းချက်များ

.

၂၀၂၆ ခုနှစ်၊ ဇူလိုင် ၇ ရက်

.


.

အာဂျင်တီးနား - အီဂျစ် (ည ၁၀-၃၀)

.

ကိပ်ဗာဒီနဲ့ပွဲမှာ ရုန်းကန်ခဲ့ရတယ်ဆိုပေမဲ့ အာဂျင်တီးနားရဲ့ ဒီနှစ် ကမ္ဘာ့ဖလားကစားပုံက အကောင်းဆုံး ပုံစံနားမှာ ရှိနေတာပါ။ တိုက်စစ်မှာ မက်ဆီ ဂိုးမြူးနေပြီး အယ်လ်ဗာရက်ဇ် နဲ့လည်း အတွဲမိနေပါတယ်။ ကွင်းလယ်မှာလည်း ဒီပေါ၊ အလစ္စတာ၊ အန်ဇို၊ ပါရီဒက်စ်တို့နဲ့ ကစားပုံကောင်းနေတယ်။

.

အာဂျင်တီးနားရဲ့ စိုးရိမ်ရတဲ့တစ်ခုတည်းသော နေရာကတော့ ခံစစ်ပိုင်းပဲဖြစ်ပြီး နောက်ဆုံး ၂ ပွဲမှာ ၃ ဂိုး ပေးထားရတဲ့အနေအထားက စိုးရိမ်ဖို့တော့ ကောင်းတယ်။

.

အီဂျစ်ကတော့ ဩစတြေးလျကို ပင်နယ်တီနဲ့ နိုင်ပြီး ဒီအဆင့် ရောက်လာတယ်။ တိုက်စစ်မှာ မာမွတ်၊ ဆာလက် တို့လို အဓိက ကစားသမားတွေက ဂိုးရဖို့ ရုန်းကန်နေရပြီး ကွင်းလယ်က သွင်းဂိုးတွေကိုပဲ အားကိုးနေရတယ်။

.

နှစ်သင်း ထိပ်တိုက်တွေ့ဆုံမှုတွေမှာလည်း အာဂျင်တီးနားနဲ့ တွေ့ခဲ့တဲ့ ၂ ကြိမ်လုံး အီဂျစ်တို့ ဂိုးပြတ်ရှုံးခဲ့ တယ်။ အီဂျစ်အနေနဲ့ အသင်းလိုက်ကစားပုံ မဆိုးဘူးဆိုပေမဲ့လည်း အာဂျင်တီးနားကို ခံကစားနိုင်တဲ့ အသင်းမျိုးတော့ ဟုတ်မနေသေးဘူး။ အာဂျင်တီးနားပဲ နိုင်ပြီးနောက်တစ်ဆင့် တက်ဦးမှာပါ။

.

ဆွစ်ဇာလန် - ကိုလံဘီယာ (နံနက် ၂-၃၀)

.

ဒီနှစ် ကမ္ဘာ့ဖလားရဲ့မထင်မှတ်ဘဲ ကစားပုံကောင်းနေတဲ့ အသင်းထဲမှာ ဆွစ်ဇာလန်လဲ ပါတယ်။ ၃၂ သင်းအဆင့်မှာတုန်းက အယ်လ်ဂျီးရီးယားလို မာတဲ့အသင်းမျိုးကို ပေးဂိုးမရှိဘဲ ၃ ဂိုးပြတ်နိုင်အောင် ကစားနိုင်ခဲ့တယ်။ ခံစစ်က သိပ်မမာပေမဲ့ တိုက်စစ်ကတော့ ပွဲတိုင်းဂိုးရနေပြီး တစ်ပွဲကို ပျမ်းမျှ ၂ ဂိုး လောက်ရနေတာ တွေ့ရတယ်။

.

ဆွစ်ဇာလန်တိုက်စစ်က အမ်ဘိုလို က အကောင်းဆုံး စွမ်းဆောင်ရည်မှာ ရှိနေပြီး ကွင်းလယ်က အန်ဒိုယီ၊ ဗားဂက်စ်၊ မန်ဇန်ဘီ တို့လည်း အတွဲမိနေတယ်။ ဇာခါနဲ့ ဖရော်လာရဲ့ ကွင်းလယ်ဗဟိုက မာကျောမှု အပြည့် ရှိနေသေးသလို ခံစစ်မှာ ဇာကာရီယာ၊ အကန်ဂျီနဲ့ ရိုဒရီဂွက်ဇ်တို့လည်း ကောင်းနေတယ်။

.

ကိုလံဘီယာကတော့ ဒီယာ့ဇ်၊ ရိုဒရီဂွက်ဇ်တို့ရဲ့ကွင်းလယ်တိုက်စစ် အားကိုးနဲ့ရုန်းနေတယ်။ ဒါပေမဲ့ တိုက်စစ် စွမ်းဆောင်ရည်ပိုင်းမှာတော့ ကိုလံဘီယာက ဆွစ်ဇာလန်လောက် အားရစရာမရှိဘူး။ ဂိုးရဖို့ ကွင်းလယ်ကိုပဲ အားကိုးနေရတဲ့အနေအထားဖြစ်နေပြီး တိုက်စစ်က နောက်ဆုံး ၃ ပွဲမှာ ၂ ဂိုးပဲရခဲ့တာတွေ့ရတယ်။

.

ဒါပေမဲ့ ကိုလံဘီယာက ခံစစ်တော့ မာတယ်။ အုပ်စုပွဲကနေ အခုအချိန်အထိ ခံစစ်က ၁ ဂိုးပဲ ပေးရသေးတယ်။ ဂါလာတာစာရေးရဲ့ ဒဗီဆင် ဆန်းချက်ဇ်၊ ပဲလေ့စ်က မူနော့ဇ်တို့က ကိုလံဘီယာခံစစ်မှာ အတွဲသွားမိနေ ကြတယ်။

.

ပြောရရင် ဒီပွဲက ဆွစ်ဇာလန်တိုက်စစ်နဲ့ ကိုလံဘီယာခံစစ် အားပြိုင်မယ့်ပွဲပါပဲ။ ကိုလံဘီယာက ခံစစ်ကို လုံအောင်လုပ်ပြီး တန်ပြန်တိုက်စစ်နဲ့ကစားဖို့ သေချာသလို ဆွစ်ဇာလန်တို့ ဂိုးစောစော မရခဲ့ဘူးဆိုရင် ဒုက္ခများသွားနိုင်တဲ့ပွဲမျိုးပါ။ ပွဲချိန်မိနစ် ၉၀ အတွင်း သရေကျဖို့များတဲ့ ပွဲမျိုးပါ။

.

No comments:

Post a Comment

Pages