.
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ကလောနှင့်
အောင်ပန်းမြို့များတွင် ယနေ့ ဇူလိုင်လ ၂ ရက်၊ နံနက်ပိုင်းက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း
မလိုက်နာသည့် မော်တော်ဆိုင်ကယ် ၇၈ စီးကို ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။
.
.အမှတ် (၁၁၇)ယာဉ်ထိန်းတပ်ဖွဲ့စု၊ ကလောတပ်ဖွဲ့စိတ်၊
အောင်ပန်း၊ ကလောမြို့မရဲစခန်းနှင့် အောင်ပန်း နယ်မြေရဲစခန်းတို့ ပါဝင်သော ပူးပေါင်းအဖွဲ့များက
ကလောမြို့အဝင်၊ ခေတ်လိုက်လမ်းဆုံ၊ ပင်းတယ လမ်းဆုံ စသည့်နေရာများတွင် မော်တော်ဆိုင်ကယ်စီးဦးထုပ်
မဆောင်းသူများ၊ ၂ ဦးထက်ပိုမို စီးနင်းသူများကို ဖမ်းဆီးအရေးယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ထိုသို့ ဖမ်းဆီးအရေးယူရာတွင် အောင်ပန်းမြို့၌ ၄၃
စီး၊ ကလောမြို့၌ ၃၅ စီး၊ စုစုပေါင်း မော်တော်ဆိုင်ကယ် ၇၈ စီးကို ဖမ်းဆီးခဲ့ပြီး ၂၀၂၀
ပြည့်နှစ် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲရေးဥပဒေ အရ အမှုဖွင့်
အရေးယူထားသည်ဟု သိရသည်။
.

No comments:
Post a Comment