မန်ဟက်တန်မှာ လမ်းတွေပိတ်ရတဲ့အထိ ဖြစ်သွားခဲ့တဲ့ တေလာဆွစ်ရဲ့ မင်္ဂလာပွဲ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Saturday, July 4, 2026

မန်ဟက်တန်မှာ လမ်းတွေပိတ်ရတဲ့အထိ ဖြစ်သွားခဲ့တဲ့ တေလာဆွစ်ရဲ့ မင်္ဂလာပွဲ

.

၂၀၂၆ ခုနှစ်၊ ဇူလိုင် ၄ ရက်

.

နာမည်ကျော် ပေါ့ပ်အဆိုတော် တေလာဆွစ်နဲ့ အမေရိကန် ဘောလုံးကစားသမား ထရာဗစ် တို့ရဲ့မင်္ဂလာပွဲကို နယူးယော့ခ်မြို့မှာ ဇူလိုင် ၃ ရက်က ကျင်းပခဲ့ပြီး ဟာသ သရုပ်ဆောင် အဒမ်ဆမ်ဒလာ က အခမ်းအနား တင်ဆက်သူအဖြစ် လုပ်ဆောင်ပေးခဲ့တဲ့အကြောင်း အတည်ပြု ထုတ်ပြန်သွားခဲ့ပါတယ်။

.

.

တေလာဆွစ်ရဲ့ ပြောခွင့်ရှိသူ ထရီပိန်း ရဲ့ပြောဆိုမှုအရ သတို့သားနဲ့ သတို့သမီးက ခရစ်ရှစ် ဒီအောရဲ့ အထူးချုပ် ဝတ်စုံတွေကို ဝတ်ဆင်ခဲ့ပြီး သတို့သားအရံနဲ့ သတို့သမီအရံတွေလည်း ထည့်သွင်းခြင်းမပြုခဲ့ဘူးလို့ သိခဲ့ရပါတယ်။ အဲဒီအစား သတို့သမီးဘက်က အဓိက တာဝန်ယူသူ (Man of Honor) အဖြစ် တေလာဆွစ်ရဲ့ အကို အော်စတင်ဆွစ် က လုပ်ဆောင်ခဲ့ပြီး သတို့သားအဖော် (best man) အဖြစ် ထရာဗစ်ရဲ့အကို ဂျက်ဆင် က တာဝန်ယူခဲ့တာပါ။

.

မင်္ဂလာပွဲကို မက်ဒီဆင်စကွဲ ဥယျာဉ်မှာ ကျင်းပခဲ့တာဖြစ်ပြီး မန်ဟက်တန်မြို့လယ်က လူစည်ကားတဲ့ လမ်းတချို့ကို ယာယီပိတ်ထားခဲ့ရတဲ့အထိ စည်ကားခဲ့တာပါ။ မင်္ဂလာပွဲကို ဟောလိဝုဒ်နဲ့ ဂီတလောက က နာမည်ကျော်တွေဖြစ်ကြတဲ့ ဟုခ်ျဂရန့်၊ ဂျေဆွန် ဆူဒီကီးစ်၊ ဘန်ဆန် ဘွန်း၊ ဂျီဂျီဟာဒီး တို့အပါအဝင် ဧည့်သည်အများအပြား တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

.

တေလာဆွစ်ရဲ့ ပရိသတ် ထောင်ပေါင်းများစွာက အားကစားရုံ အပြင်ဘက်မှာ စုဝေးစောင့်ဆိုင်းခဲ့ကြပြီး ပရိသတ်တချို့က တေလာဆွစ်ရဲ့ သီချင်းတွေကို သီဆိုခဲ့ကြတာပါ။ ပရိသတ်တွေက ဖျော်ဖြေပွဲအမှတ်တရ ဝတ်စုံတွေကို ဝတ်ဆင်လာခဲ့ကြပြီး တချို့ကတော့ အခမ်းအနားကို မြင်တွေ့နိုင်ဖို့အတွက် ငြမ်းစင်တွေပေါ် ကိုတောင် တက်ခဲ့ကြတာပါ။

.

မင်္ဂလာပွဲမတိုင်ခင် ကြာသပတေးနေ့မှာ လူ ၁၀၀ လောက်သာ တက်ရောက်တဲ့ အကြိုပွဲတစ်ခု ကျင်းပခဲ့ပြီး နယူးယော့ခ်မြို့တော် အာဏာပိုင်တွေဆီ တင်သွင်းထားတဲ့ ခွင့်ပြုမိန့်မှာလည်း ဒီပွဲကို အကြိုပါတီပွဲလို့ ဖော်ပြထားတာပါ။ သောကြာနေ့မှာတော့ ပိုပြီးကြီးတဲ့ အခမ်းအနားအတွက် အားကစားရုံအပြင်ဘက်မှာ တဲကြီးတွေ ထပ်မံတည်ဆောက်ခဲ့ပြီး မှန်အမည်းကပ်ထားတဲ့ SUV ကားတွေနဲ့ ဧည့်သည်တွေ ဝင်ရောက် လာကြတာကြောင့် မန်ဟက်တန်လမ်းတချို့ကို ယာဉ်နဲ့ လူသွားလာမှုတွေအတွက် ယာယီပိတ်ထား ခဲ့ရတာပါ။

.

ပရိသတ်တွေအနေနဲ့ တေလာဆွစ်ရဲ့လက်ထပ်ပွဲကို သိနိုင်ဖို့အတွက် အခမ်းအနားကျင်းပချိန်နဲ့ တပြိုင်တည်း မက်ဒီဆင်စကွဲ အပြင်ဘက်က ဖန်သားပြင်ကြီးတွေမှာ “JUST & T MARRIED” ဆိုတဲ့စာတမ်းကို ပြသခဲ့ တာပါ။

.

မင်္ဂလာပွဲကျင်းပတဲ့နေ့မှာ နယူးယော့ခ်မြို့ရဲ့အပူချိန်က ၃၇ ဒီဂရီဆဲစီးယပ်စ်အထိ မြင့်တက်ခဲ့ပေမဲ့လည်း ပရိသတ်ရဲ့စိတ်ဝင်စားမှုတွေကတော့ လျော့ပါးသွားခြင်းမရှိဘဲ နေပူထဲမှာ ရှိနေခဲ့ကြသလို ရဲတပ်ဖွဲ့က လုံခြုံရေးအင်အား အများအပြား ချထားခဲ့ရပြီး အပူချိန်အခြေအနေတွေအတွက် ကျန်းမာရေး အကူအညီ တွေကိုပါ အသင့်ထားရှိခဲ့ရတာပါ။

.

မီဒီယာတွေရဲ့ မြင်ကွင်းကနေ ဧည့်သည်တွေကို ကာကွယ်ဖို့အတွက် ကန့်လန့်ကာတွေနဲ့ တဲကြီးတွေကို တပ်ဆင်ခဲ့ပေမဲ့လည်း ဘရက်ဒလေကူးပါး၊ ဂျီဂျီဟာဒီး၊ ဒါကိုတာဂျွန်ဆင်၊ ဘန်ဆန်ဘွန်း၊ ဟုခ်ျဂရန့် တို့နဲ့ ထရာဗစ်ရဲ့ အသင်းဖော်တချို့ရဲ့ ရောက်လာတဲ့မြင်ကွင်းတွေကို မီဒီယာတွေက မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် နာမည်ကျော် ရုပ်သံအစီအစဉ်တင်ဆက်သူ တစ်ယောက်ဖြစ်တဲ့ ဂရေဟမ်နော်တန် လည်း မင်္ဂလာပွဲ တက်ရောက်သူတွေထဲမှာ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

.

Source – BBC

.

No comments:

Post a Comment

Pages