ဟဲဟိုးတွင် မသန်စွမ်းလူငယ်တစ်ဦး ပျောက်ဆုံးနေ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Saturday, July 4, 2026

ဟဲဟိုးတွင် မသန်စွမ်းလူငယ်တစ်ဦး ပျောက်ဆုံးနေ

.

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၄ ရက်

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့တွင် အသက် ၂၁ နှစ်အရွယ် မသန်စွမ်း လူငယ်တစ်ဦး ပျောက်ဆုံးနေပြီး ယနေ့အထိ အဆက်အသွယ် မရရှိသေးကြောင်း သိရသည်။

.

.

ဟဲဟိုးမြို့၊ သီခေါင်အုပ်စု၊ တောင်ပတ်ရွာနေ အသက် ၂၁ နှစ်အရွယ် မသန်စွမ်းလူငယ် မောင်ဇော်မျိုးအောင် သည် ယမန်နေ့ ဇူလိုင်လ ၃ ရက်၊ နံနက် ၇ နာရီခန့်က ဟဲဟိုးမြို့မှ ကလောမြို့သို့ အလုပ်လုပ်ရန် သွားရောက်ခဲ့ပြီးနောက် နေအိမ်သို့ ပြန်လည် ရောက်ရှိ လာခြင်းမရှိဘဲ ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။

.

“ကလောကနေ ဟဲဟိုးကို ပြန်လာသလား၊ မျက်စေ့ပဲ လည်နေသလား မသိဘူး။ ကလေးက စကားမပြော တတ်ဘူး၊ နားလည်း မကြားဘူး” ဟု မိသားစုဝင်များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

.

အဆိုပါ လူငယ်အား တွေ့ရှိပါက ဖုန်းနံပါတ် ၀၉ ၂၆၉ ၉၄၀ ၈၆၃ သို့ ဆက်သွယ်အကြောင်းကြားပေးရန် မိသားစုက မေတ္တာရပ်ခံထားသည်။

.

No comments:

Post a Comment

Pages